ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၈ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ရဲ့ တရားစီရင်ပိုင်ခွင့် ကို လက်ခံတယ်လို့ လွန်ခဲ့တဲ့တစ်နှစ်က လူသိရှင်ကြား ကြေညာခဲ့ပြီး မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေနဲ့ လူသား မဆန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ICC ကို မေတ္တာရပ်ခံခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ပညာရှင်တွေပြောသလို အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ရဲ့ အကြမ်းဖက် စစ်ဆင်မှုခံနေရတဲ့ မြန်မာပြည်သူ ၅၅ သန်းအတွက် တရားမျှတမှုရရှိဖို့ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို တာဝန်ခံဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်သူ ၂၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ၁၅၀၀၀ ကျော် ထိန်း သိမ်းခံရကာ တစ်သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရတဲ့အပြင် ပြည်သူ ၁၄ သန်းခန့် အရေးပေါ် လူသားချင်းစာနာမှု အ ကူအညီ လိုအပ်နေပါတယ်။

ဇူလိုင်လအတွင်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက်မျက်မှုကြောင့် တစ်ကမ္ဘာလုံး က စစ်ကောင်စီကို ရှုတ်ချခဲ့ပြီး တာဝန်ခံဖို့ အရေးတကြီး လိုအပ်နေတာကို မီးမောင်းထိုးပြခဲ့ပါတယ်။

မြန်မာပြည်သူတွေက အာဏာသိမ်းစစ်ကောင်စီရဲ့လက်ထဲမှာ ပြည်သူတွေကို နှိပ်ကွက်ရာ အဓိကနေရာ တွေဖြစ်လာတဲ့ ပြည်တွင်းတရားရုံးတွေမှာ တရားမျှတမှု ရရှိမှာမဟုတ်ပါဘူး။ NUG ရဲ့ ကြေညာချက်အပြီးမှာ အ ရေးယူမယ့်ခြေလှမ်းတွေ မလုပ်ဆောင်ရသေးဘူးလို့ ICC က ဝန်ခံခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတစ်ခုကို ချက်ချင်း စတင်ခဲ့ပြီး ရက်အနည်းငယ်အတွင်း စုံစမ်းစစ်ဆေးရေးမှူးတွေက မြေ ပြင်ကို ရောက်ရှိလာခဲ့တဲ့ ယူကရိန်းအရေးနဲ့ မြန်မာ့ပဋိပက္ခကို နှိုင်းယှဉ်ကြည့်ရအောင်။

မြန်မာနိုင်ငံအတွက်လည်း ယူကရိန်းလိုမျိုး အရေးယူပေးဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ ICC က NUG ရဲ့ကြေညာချက်ကို လက်ခံပေးရမယ့် တာဝန်တစ်ရပ်ရှိပြီး အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံက ဖြစ်ရပ် တွေအတွက် စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ဖို့ လမ်းဖွင့်ပေးနိုင်မှာဖြစ်ပါတယ်။

အရေးကြီးတဲ့မေးခွန်းမှာ ICC ရဲ့ တရားစီပိုင်ခွင့် အစပြုဖို့ NUG က မြန်မာနိုင်ငံကိုယ်စား ဆောင်ရွက်ပေး နိုင်မလားဆိုတာဖြစ်ပါတယ်။ ပြည်တွင်းဥပဒေ ဘယ်လိုပင်ရှိနေပါစေ NUG က မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရ တစ်ရပ် ဖြစ်ပါတယ်။

NUG ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရ ရှိခဲ့တဲ့ ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ NUG က ဒီမိုကရေစီ၊ ဖွဲ့စည်းပုံဆိုင် ရာ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးမြှင့်တင်ဖို့ သံန္နိဌာန်ချထားပါတယ်။

မြန်မာစစ်တပ်က သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၁ (က) နဲ့ ပုဒ်မ ၄၁၇ ကို ချိုးဖောက်ပြီး အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကလည်း စစ်ကောင်စီကအဆိုပြုတဲ့ ကိုယ်စားလှယ်ကိုပယ်ချပြီး NUG သံအမတ်ကြီးကို မြန် မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ တစ်ညီတစ်ညွတ်တည်း လက်ခံခဲ့ပါတယ်။

ဒါဟာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကောင်းမွန်တဲ့အစဉ်အလာကို အခြေခံတာဖြစ်ပါတယ်။ ကုလ သမဂ္ဂရဲ့ တရားဝင် အသိအမှတ်ပြုဖို့ရရှိဖို့ ကြိုးပမ်းခဲ့ကြတဲ့ ၁၉၉၀ ခုနှစ် အစောပိုင်းကာလတွေကစပြီး ကုလသမဂ္ဂ က ဒီမိုကရေစီ တရားဝင်မှုနဲ့ ကောင်းမွန်တဲ့ လူ့အခွင့်အရေးမှတ်တမ်းရှိတဲ့ အစိုးရတွေဘက်ကသာ ရပ်တည်ခဲ့ပါ တယ်။

စစ်ကောင်စီက မြန်မာနိုင်ငံမှာ ထိထိရောက်ရောက် ထိန်းချုပ်မှုမလုပ်နိုင်တော့သလို နယ်မြေအများစုက NUG နဲ့ မဟာမိတ်ပြုထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေပါပြီ။

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ NUG သံအမတ်ကို ဆက်လက်ပြီး အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက်က ကိုယ်စားလှယ်တစ်ဦးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ခုသာ မဟုတ်ပါဘူး။ ကုလသမဂ္ဂတစ်ဖွဲ့လုံးက နိုင်ငံ့အစိုးရ အဖြစ် ပြုမူဆက်ဆံဖို့ အခွင့်အရေးကိစ္စပဲဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ စုပေါင်း အသိအမှတ်ပြုမှုက နိုင်ငံ တကာဥပဒေမှာ သက်ရောက်မှုရှိပြီး NUG ရဲ့ မြန်မာအစိုးရအဖြစ် ဆောင်ရွက်ပိုင်ခွင့်အတွက် အဆုံးအဖြတ်တစ်ခု ဖြစ်လာပါလိမ်မယ်။

နိုင်ငံတကာဥပဒေအရ NUG က ဒီအဆင့်အတန်းတွေနဲ့ ကိုက်ညီနေတယ်လို့ နားလည်ရပါတယ်။ ICC က လည်း NUG ရဲ့ကြေညာချက်ကို တရားဝင် လက်ခံဖို့ လိုအပ်ပါတယ်။ ဒါမှသာ အာဏာသိမ်းပြီးနေက်ပိုင်း မြန်မာ နိုင်ငံမှာ စစ်တပ်ကကျူးလွန်တဲ့ ဖြစ်နိုင်ဖွယ်ရာ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ရပ် အစပြုနိုင် မှာဖြစ်ပါတယ်။

ICC အတွက် သတင်းကောင်းတစ်ခုကတော့ တရားစွဲဆိုစရာအမှုတစ်ခုက ရှိနေပါသေးတယ်။ ရိုဟင်ဂျာ တွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ ၂၀၁၇ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင် ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တယားက အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ် မှုတွေအပါအဝင် မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အထောက်အထားတွေ ရှိနေပါတယ်။

NUG က အရေးယူဖို့ ကြေညာချက်ထုတ်ပြန်တာကြောင့် ICC စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ရောမစာချုပ် အဖွဲ့ဝင်နိုင်ငံတွေက နှောင့်နှေးမှုမရှိ ဆင်ခြေမပေးဘဲ စစ်ကောင်စီကို အရေးယူဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

မြန်မာပြည်သူတွေက တရားမျှတမှုကို စောင့်ဆိုင်းနေပြီး နိုင်ငံတော်တွေနဲ့ ICC က ရာဇဝတ်မှုတွေကျူး လွန်တဲ့ အာဏာသိမ်းစစ်ကောင်စီကို အရေးယူဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

သြဂုတ်လ ၁၈ ရက်က အွန်လိုင်းမဂ္ဂဇင်းဖြစ်တဲ့ The Diplomat မှာ ဖော်ပြထားတဲ့ The ICC Must Engage With Myanmar’s Democratic Government and Hold the Junta to Account ဆောင်းပါးကို အကျဉ်းချုံး၍ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။