ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်

သမ္မတက စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်နိုင်ငံတော်သစ္စာဖောက်မှုကို စုံစမ်းစစ်ဆေးမှုတစ် ခု ပြုလုပ်နေစဉ် အစိုးရရှေ့နေတွေက ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟွန်ကို ထိန်းသိမ်းခဲ့ တယ်လို့ တောင်ကိုရီးယားမီဒီယာတွေက ဖော်ပြပါတယ်။

စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ အစောပိုင်းမှာ အစိုးရရှေ့နေတွေရဲ့ မေးမြန်းမှုအတွက် ခေါ်ယူခြင်းခံရပြီးနောက် ကင်ယောင်ဟွန်ဟာ တနင်္ဂနွေနေ့မှာ ဖမ်းဆီးခံခဲ့ရတာလို့ ယွန်ဟပ်သတင်းဌာ နက ဖော်ပြခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာဖို့ ကင်ယောင်ဟွန်က သမ္မတ ယွန်ဆတ်ခ်ယိုကို အကြံပြုခဲ့တာပါ။ အ တိုက်အခံပါတီဝင်တွေက ကင်ယောင်ဟွန်ကို နိုင်ငံတော်သစ္စာဖောက်မှု၊ အခြားပြစ်မှုတွေ ကျူးလွန်တယ် လို့ စွပ်စွဲပြီး တိုင်ချက်တစ်ခု ဖွင့်ထားပါတယ်။

အစိုးရေရှေ့နေတွေက ကင်ယောင်ဟွန်ရဲ့ မိုဘိုင်းဖုန်းကို သိမ်းဆည်းကာ မေးမြန်းစစ်ဆေးပြီး နောက် သူ့ကို ဖမ်းဆီးခဲ့တာလို့ မီဒီယာသတင်းတွေက ဆိုပါတယ်။

ရှုပ်ထွေးမှုနဲ့ ပြည်သူတွေကို စိုးရိမ်မှုတွေဖြစ်စေခဲ့တဲ့အတွက် ကာကွယ်ရေးဝန်ကြီးအနေနဲ့ တာဝန် ရှိတယ်လို့ဆိုကာ စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပြီးနောက် ကင်ယောင်ဟွန်က ရာထူးမှနှုတ်ထွက်လိုတယ် လို့ ထုတ်ဖော်ပြောခဲ့လို့ သမ္မတက သူ့ရဲ့နှုတ်ထွက်စာကို နောက်တစ်ရက်မှာ လက်ခံခဲ့ပါတယ်။

ကင်ယောင်ဟွန်နဲ့ ယွန်ဆတ်ခ်ယိုတို့ဟာ အထက်တန်းကျောင်း အတူတက်ခဲ့တယ်လို့ သိရပါ တယ်။ ကင်ယောင်ဟွန်ဟာ ယွန်ဆက်ခ်ယိုရဲ့ အနီးကပ်ဆုံး လက်ထောက်ဖြစ်ပါတယ်။

ကိုးကား – NHK
Ref; South Korean prosecutors detains ex-defense minister: media reports

#Ayeyarwaddy_Times