ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၈ ရက်

စစ်တပ် ဖြန့်ကြက်ထားတဲ့လက္ခဏာမရှိတဲ့ ဒမာစကပ်မြို့တော်ထဲကို စတင်ဝင်ရောက်လာပြီလို့ ဆီးရီးယားသူပုန်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

“အကျဉ်းသားတွေ လွတ်မြောက်ပြီး ဆစ်နာညာအကျဉ်းထောင်မှာ မတရားမှုခေတ် ကုန်ဆုံးပြီဆို တဲ့သတင်းကို ဆီးရီးယားပြည်သူတွေနဲ့အတူ ကျွန်တော်တို့ အောင်ပွဲခံပါတယ်” လို့ ဆီးရီးယားသူပုန်တွေ က ပြောပါတယ်။

ဆစ်နာညာအကျဉ်းထောင်မှာ ဆီးရီးယားအစိုးရက ထောင်ချီတဲ့ အကျဉ်းသားတွေကို ထိန်းသိမ်း ထားရာ ဒမာစကပ်မြို့တော်အပြင်ဘက်က ကြီးမားသော စစ်ဘက်အကျဉ်းထောင်တစ်ခု ဖြစ်ပါတယ်။

တစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် တနင်္ဂနွေနေ့မှာ အရေးပါတဲ့ Homs မြို့တော်ကို အပြည့် အဝ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆီးရီးယားသူပုန်တွေက ကြေညာခဲ့ပါတယ်။

သမ္မတ ဘာရှားအယ်လ်အာဆတ်ရဲ့ ၂၄ နှစ်ကြာ အုပ်ချုပ်မှု ပြိုလဲလုနီးပါး အခြေအနေဖြစ်ခဲ့ရပြီး ဒီမိုကရေစီအင်အားစုတွေဟာ ဒမာစကပ်မြို့တော်ကို ချီတက်ခဲ့ပါတယ်။

ဒမာစကပ်မြို့လယ်မှာ ပြင်းထန်သော သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ ဒေသခံနှစ်ဉီးက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

အာဆတ်ရဲ့ အုပ်ချုပ်ရေးအာဏာရှိရာ ဒမာစကပ်မြို့တော်ကို ချီတက်နေတယ်လို့ ပြီးခဲ့တဲ့ရက် ပိုင်းအတွင်း နယ်မြေထိန်းချုပ်မှုတွေ ရရှိလာခဲ့တဲ့ သူပုန်တွေက ပြောပါတယ်။

ကိုးကား – Reuters
Ref; Syrian rebels say they have begun entering the capital Damascus

#Ayeyarwaddy_Times