ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၉ ရက်
သင့်တော်တဲ့အချိန်မှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလန်းဟေဇာနဲ့ ထိန်းသိမ်းခံထားရတဲ့ ဒေါ် အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖို့ စီစဉ်ပေးမယ်လို့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ ကြောင်း ကုလသမဂ္ဂ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်က ပြောကြားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့အစီအမံတွေ ချက်ချင်း ဆောင်ရွက်ပေးမယ်လို့ နေပြည်တော်မှာ မင်းအောင်လှိုင်က နိုလန်းဟေဇာကို ပြောကြားခဲ့တယ်လို့ ၄င်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိမှာ နေပြည်တော်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး အာဏာသိမ်း စစ်ကောင်စီက သူမကို ပြင်ပပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခွင့်ပြုဖို့ ငြင်းဆန်ထားပါတယ်။
နိုလန်းဟေဇာရဲ့ မြန်မာခရီးစဉ်က အောင်မြင်မှုရှိ မရှိ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ လူသား ချင်းစာနာမှု အကူအညီနဲ့ အရပ်သားတွေကို ကာကွယ်ပေးဖို့ အရေးပေါ်လိုအပ်တဲ့ အဆိုပြုချက်တွေအတွက် ဒေါ် အောင်ဆန်းစုကြည်နဲ့ ဆက်လက်ဆွေးနွေးဖို့ စစ်ကောင်စီရဲ့ ကတိကဝတ်က အရေးပါတဲ့ရလဒ်တစ်ခုဖြစ်တယ်လို့ ဖာဟန်က ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှု၊ အရပ်သားနေအိမ်တွေကို မီးရှို့မှု၊ အရပ်ဘက်အုပ်ချုပ်မှုပြန်လည်ရောက်ရှိရေး အစီအ စဉ်တွေ စတင်ဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ ကြိုးပေးကွက်မျက်မှုတွေ ရပ်တန့်ဖို့ ခရီးစဉ်အတွင်း နိုလန်းဟေဇာရဲ့ တောင်းဆိုမှုတွေနဲ့ပတ်သက်လို့ တိုးတက်မှုရှိ မရှိကိုတော့ ဖာဟန်က မပြောကြားခဲ့ပါဘူး။
မြန်မာ့အရေးဖြေရှင်းရာမှာ တိုးတက်မှုရှိ ၊မရှိက အကြမ်း ဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ ပြည်သူတွေရဲ့ နေထိုင်မှုဘဝ သိသာထင်ရှားသော တိုးတက်မှုအပေါ် မူတည်နေတယ်လို့ မြန်မာနိုင်ငံမှထွက်ခွာစဉ် ထုတ်ပြန်ချက် တစ်ခုအတွင်း နိုလန်းဟေဇာက ပြောကြားခဲ့ပါတယ်။
ကိုးကား – The Washington Post
Ref; UN: Myanmar’s ruler open to UN visit to Suu Kyi but not now