ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၉ ရက်

မြန်မာနိုင်ငံက အကျပ်အတည်းကို ဖြေရှင်းရာမှာ သံတမန်ရေးရာအရ ဦးဆောင်မှုပြုလုပ်ဖို့နဲ့ အလုပ်မဖြစ် တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေခန့်အပ်မှု မလုပ်တော့ဖို့ Burma Campaign UK က ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ကို ပုဂ္ဂိုလ်ရေးအရ တောင်းဆိုလိုက်ပါတယ်။

ဘာရလဒ်မှမရရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလန်းဟေဇာရဲ့ အငြင်းပွား ဖွယ်ရာ စစ်ကောင်စီနဲ့တွေ့ဆုံတဲ့ မြန်မာခရီးစဉ်က ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

မြန်မာခရီးစဉ်က အာဏာသိမ်းစစ်ကောင်စီကို တရားဝင်မှုဖြစ်စေလိမ့်မယ်ဆိုတဲ့ သတိပေးမှုတွေကို လျစ် လျှူရှုပြီး နိုလန်းဟေဇာက မြန်မာနိုင်ငံကို သွားရောက်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ ဓာတ်ပုံတွေ ရိုက်ခဲ့တာကို စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြနေပါတယ်။

၂၀၁၀ ပြည့်နှစ်မတိုင်မီ ယခင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသူတွေနဲ့ တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် နိုလန်းဟေဇာကတော့ ဒီလိုမလုပ်ဖို့ ရွေးချယ်ခဲ့ပါ တယ်။

ဒီခရီးစဉ်က လူသားချင်းစာနာမှု အကူအညီအတွက်လို့ တာဝန်ရှိသူတွေက ဆင်ခြေတစ်ခု ပေးနိုင်ပေမယ့် ဒီအပေးအယူကို အားနည်းချက်တစ်ခုအဖြစ် မြန်မာစစ်တပ်က ရှုမြင်ပါလိမ့်မယ်။

သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေက နိုင်ငံတကာအကူအညီ လိုအပ်နေပေမယ့် ကုလသမဂ္ဂ အဖွဲ့အစည်းအ များစုနဲ့ နိုင်ငံတကာ အလှူရှင်တွေက အကူအညီကို အရပ်ဘက်အဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG မှတစ်ဆင့် မပေးတာကြောင့် ပြည်သူတွေ လိုအပ်တဲ့အကူအညီ မရရှိပါဘူး။

မြန်မာစစ်တပ်ကတော့ နိုင်ငံတကာရဲ့ အရေးယူမှုတွေကို ရှောင်ရှားဖို့ နှောင့်နှေးစေဖို့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်တွေကို အသုံးချခဲ့ပြီး ဒီနည်းလမ်းတွေက အောင်မြင်ခဲ့ပါတယ်။ လက်ရှိ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က မြန်မာပြည်သူတွေရဲ့ယုံကြည်မှုကို မရရှိပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေရဲ့ သံတမန်ရေးကြိုးပမ်းမှုတွေက အပြုသဘော ဆောင်တဲ့ရလဒ်တွေ မရရှိခဲ့ဘဲ စစ်တပ်ကသာ သူတို့အကျိုးအတွက် အသုံးချသွားပါတယ်” လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး မတ်ခ်ဖာမာန်နာက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ရည်မှန်းချက်က မြန်မာစစ်တပ်ကို ဖျက်သိမ်းဖို့ဖြစ်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်ပြီး နိုင်ငံတ ကာဥပဒေ ချိုးဖောက်ခဲ့တဲ့ စစ်ဘက်တပ်ဖွဲ့ဝင်တွေကို တာဝန်ခံဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ အစိုးရတွေက အလုပ်မဖြစ်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေ ခန့်အပ်မှုကို ရပ်တန့်ရမယ့် အချိန်ရောက်ပြီ” လို့ သူက ဆိုပါတယ်။

ကိုးကား – Burma Campaign UK
Ref; UN Myanmar Special Envoy Post Should Be Withdrawn – UN Secretary General Must Take Lead