ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်

ပါရာဂွေးနိုင်ငံဟာ သူ့ရဲ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုကြောင့် အလည်အပတ်လာ ရောက်တဲ့ တရုတ်သံတမန်တစ်ဉီးကို နှင်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်သံတမန်ရဲ့ဗီဇာကို ပယ်ဖျက်ကာ (၂၄) နာရီအတွင်း တိုင်းပြည်မှထွက်ခွာဖို့ ညွှန်ကြားခဲ့ တယ်လို့ ပါရာဂွေး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ပါရာဂွေးနိုင်ငံဟာ ထိုင်ဝမ်နဲ့ သံတမန်ဆက်ဆံရေးရှိတဲ့ တောင်အမေရိကတိုက်ရဲ့ တစ်ခုတည်း သောတိုင်းပြည်နဲ့ ကမ္ဘာပေါ်က ၁၂ နိုင်ငံအနက် တစ်ခုဖြစ်ပါတယ်။

တရုတ်သံတမန်ဟာ ယူနက်စကိုအစည်းအဝေးတစ်ခု တက်ရောက်ဖို့ ပါရာဂွေးနိုင်ငံသို့ ရောက်ရှိ လာခဲ့ပေမယ့် ထိုင်ဝမ်နဲ့ ဆက်ဆံရေးဖြတ်တောက်ရေး စဉ်းစားဖို့ ကွန်ဂရက်အဖွဲ့ဝင်နိုင်ငံတွေကို စည်းရုံး ခဲ့တယ်လို့ အနောက်နိုင်ငံမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ပါရာဂွေးနိုင်ငံရဲ့ စွပ်စွဲချက်ဟာ အခြေအမြစ်မရှိသလို တရားမျှတမှုမရှိဘူးလို့ တရုတ် နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်နဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ရပ်တည်ချက်မှာ တရုတ်နိုင်ငံပိုင်နက်ရဲ့ ခွဲခြားမရတဲ့ အ စိတ်အပိုင်းဖြစ်တယ်လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

“တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကို လက်မခံတဲ့ သမ္မတ လိုင်ချင်တေးအစိုးရ အုပ်ချုပ်လျက်ရှိရာ ထိုင်ဝမ်ကို အထီးကျန်စေဖို့ တရုတ်နိုင်ငံက ဖိအားပေးမှုနည်းဗျူဟာတွေ အသုံးပြုနေပါတယ်။

ကိုးကား – NHK
Ref; Paraguay expels Chinese envoy for ‘interference’ over ties with Taiwan

#Ayeyarwaddy_Times