
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်
တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့ သမ္မတ ယွန်ဆတ်ခ်ယိုအား ချက်ချင်း ရာထူးမှ ထုတ်ပယ်သင့် တယ်လို့ တောင်ကိုရီးယား အာဏာရ People Power Party ခေါင်းဆောင်က ပြောပါတယ်။
သောကြာနေ့မနက်ပိုင်းက ပါတီအစည်းအဝေးတစ်ခုမှာ People Power Party ခေါင်းဆောင် ဟန် ဒေါင်ဟွန်က အခုလို ပြောကြားတာပါ။
ယွန်ဆတ်ခ်ယိုက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချိန်မှာ ထင်ရှားသော နိုင်ငံရေးသမားတွေကို ဖမ်းဆီးဖို့ အမိန့်ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။
နိုင်ငံရေးအရ ရှုပ်ထွေးမှုကို ရှောင်ရှားဖို့ လွှတ်တော်မှာ သမ္မတကို တရားစွဲဆိုဖို့ မဲခွဲဆုံးဖြတ်မှုမှာ ကန့်ကွက်မဲပေးမယ်လို့ ကြာသပတေးနေ့မှာ သူက ပြောကြားခဲ့တာပါ။
ယနေ့ လွှတ်တော်အမတ်တွေရဲ့ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ကျင်းပမယ်လို့ အာဏာရ People Power Party က ပြောပါတယ်။
စနေနေ့မှာပြုလုပ်မယ့် သမ္မတကို တရားစွဲဆိုဖို့ မဲခွဲဆုံးဖြတ်မှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာ လွှတ်တော်အမတ်တွေက ဆွေးနွေးကြမှာဖြစ်ပါတယ်။
ကိုးကား – NHK
Ref; South Korea’s ruling party head calls for Yoon’s immediate suspension
#Ayeyarwaddy_Times