
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာ့အရေး ဆွေးနွေးနိုင်ရေး ထိုင်းနိုင်ငံမှာ ဝန်ကြီးအဆင့် အစည်းအဝေးတစ်ခုကျင်းပဖို့ စီစဉ်နေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရွိုင်းဆိုမီရတ်က ဒီဇင်ဘာလ ၅ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
လက်ရှိ အာဆီယံအဖွဲ့ အလှည့်ကျဥက္ကဌ လာအိုနိုင်ငံရဲ့ ဖိတ်ကြားချက်အရ အစည်းအဝေးဟာ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်ဆောင်ရေး အပါအဝင် အာဏာသိမ်းမှု နောက်ပိုင်း မြန်မာအကျပ်အတည်းကို အဖြေရှာမယ့်နည်းလမ်းတွေ ဆွေးနွေးမယ်လို့ သူက ဆိုပါတယ်။
မြန်မာစစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီးလအနည်းငယ်အကြာ ၂၀၂၁ ခု နှစ်၊ ဧပြီလမှာ ချမှတ်ခဲ့တဲ့ အာဆီယံတူညီဆန္ဒ (၅) ရပ် ဖော်ဆောင်မှုဟာ တိုးတက်မှုအနည်းငယ်သာ ရှိခဲ့ ပါတယ်။
မြန်မာစစ်ကောင်စီဟာ အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ ပြည်သူ့တော်လှန်မှုကို တိုက် ပွဲဝင်နေရပြီး တိုက်ပွဲတွေရပ်တန့်ဖို့၊ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အာဆီယံအိမ်နီးချင်းတွေရဲ့ တောင်းဆိုချက်တွေကို ဉပေက္ခာပြုခဲ့ပါတယ်။
အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်စဲဖို့၊ လူသားချင်းစာနာမှု အကူအညီပေးအပ်ဖို့နဲ့ မြန်မာကိုယ် တိုင်ဉီးဆောင်တဲ့ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုအတွက် ထောက်ကူတဲ့ ပတ်ဝန်းကျင်တစ်ခုဖန် တီးဖို့ အောက်တိုဘာလအတွင်းပြုလုပ်တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံအဖွဲ့က တောင်းဆို ခဲ့ပါတယ်။
မြန်မာ့အရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးကို ဒီဇင်ဘာလ ၂၀ ရက်မှာ စတင်ပြီး အင်ဒို နီးရှားနိုင်ငံက တက်ရောက်မယ်လို့ ရွိုင်းဆိုမီရတ်က ဆိုပါတယ်။
ကိုးကား – Reuters
Ref; Asean ministers to discuss Myanmar crisis at Thailand meeting
#Ayeyarwaddy_Times