ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်
တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်းမှ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပြီး တွေ့ ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တိုက်တွန်းလိုက်ပါတယ်။
ဖြစ်နိုင်သမျှ တိုက်ပွဲတွေ ရပ်တန့်ကြဖို့၊ ငြိမ်းချမ်းသောနည်းလမ်းမှတစ်ဆင့် သဘောထားကွဲလွဲမှု တွေကို ဖြေရှင်းကြဖို့ တင်းမာမှုအရှိန်မြှင့်တာ ရှောင်ကြဉ်ကြဖို့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်း တွေကို တိုက်တွန်းတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက ဒီဇင် ဘာလ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကိုးကန့်တပ်ဖွဲ့ (MNDAA) က အပစ်အခတ်ရပ်စဲကြောင်း အင်္ဂါနေ့ညပိုင်းက ကြေညာခဲ့ပြီး တ ရုတ်နိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့အတူ မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလိုတဲ့ဆန္ဒရှိတယ်လို့ ပြော ပါတယ်။
လင်ကျင်းက MNDAA ရဲ့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်ကို အပြုသဘောဆောင်တဲ့ မှတ်ချက်ပြုခဲ့ပြီး တည်ငြိမ်မှုကိုဉီးစားပေးဖို့ အဖွဲ့အစည်းအားလုံးအတွက် လိုအပ်တယ်လို့ ပြောပါတယ်။
“တရုတ်နယ်စပ်ဒေသတွေ၊ နယ်စပ်ဒေသတွေမှာနေထိုင်တဲ့ တရုတ်ပြည်သူတွေ၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းတွေ၊ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို မထိခိုက်စေသင့်ပါဘူး” လို့ ၎င်းက ဆိုပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထောက်ခံကြောင်း တရုတ်နိုင်ငံရဲ့ ကတိ ကဝတ်ကို လင်ကျင်းက ထပ်လောင်းပြောကြားခဲ့ပြီး ဆွေးနွေးမှု အဆင်ပြေစေရေး ဆက်လက်ကြိုးပမ်းဖို့ ကတိပြုခဲ့ပါတယ်။
ကိုးကား – CGTN
Ref; China calls for dialogue and ceasefire in northern Myanmar
#Ayeyarwaddy_Times