ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်

ထိုင်း အောက်လွှတ်တော် အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသား မဟာဗျူဟာနှင့် ပြု ပြင်ပြောင်းလဲရေးကော်မတီက ဒီဇင်ဘာလ ၁၃ ရက်မှာ ဝစစ်တပ် (UWSA) ပါဝင်တဲ့ နယ်စပ်တင်းမာမှု ပြဿနာကို ဖြေရှင်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ထိုင်းနယ်စပ်အနီး ဝစစ်တပ် (UWSA) ရှိနေတာ စိုးရိမ်စရာတစ်ခုလို့ ပြည်သူ့ပါတီဒုတိယခေါင်း ဆောင်နဲ့ ကော်မတီဉက္ကဌ ရန်စီမန်ရိုမီက ပြောပါတယ်။

နယ်စပ်တစ်လျှောက် ကာလရှည်ပြဿနာတွေ အထူးသဖြင့် အပြစ်မဲ့ အရပ်သားတွေကို ထိခိုက် စေတဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်က ထိုင်းနိုင်ငံမှာ ခိုလှုံခွင့်ရရှိဖို့ကြိုးပမ်းနေတဲ့ နေရပ်စွန့်ခွာ ၂ သန်းကျော်ကို ထိခိုက်စေနိုင်တယ်လို့ သူက ဆိုပါတယ်။

မြန်မာရေတပ်က ထိုင်းတံငါသည်တွေကို ပစ်ခတ်ကာ ထိုင်းတံငါလှေတွေကို ဖမ်းဆီးတဲ့ မကြာ သေးမီက ဖြစ်စဉ်အပါအဝင် ကော်မတီက ဒီဇင်ဘာလ ၁၃ ရက်မှာ နယ်စပ်အရေးကို ဆွေးနွေးမယ်လို့ ၎င်းက ဆိုပါတယ်။

ဝစစ်တပ် (UWSA) ရဲ့ စစ်စခန်းအချို့ဟာ မယ်ဟောင်ဆန်ပြည်နယ်အတွင်း ကျူးကျော်ဝင် ရောက်နေတယ်လို့ သတင်းအချို့က ဖော်ပြခဲ့ပေမဘ့် နှစ်ဖက်စစ်တပ်ကြား ကောင်းမွန်သောဆက်ဆံရေး ရှိတယ်လို့ ထိုင်းစစ်တပ်က ပြောကြားခဲ့ပါတယ်။

“UWSA ဟာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ အထူးသဖြင့် မူးယစ်မှောင်ခိုမှုကြောင့် နာမည် ဆိုးနဲ့ကျော်ကြားပါတယ်။

မူးယစ်ဆေးထုတ်လုပ်မှု UWSA ရဲ့ပတ်သက်မှုရှိနေတယ်ဆိုတာ အထောက် အထားတွေက ညွှန်ပြနေပြီး နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတာ လက်သင့်ခံစရာမရှိပါဘူး” လို့ ရန်စီ မန်ရိုမီက ဆိုပါတယ်။

တာချီလိတ်မြို့လို ဝရဲ့ထိန်းချုပ်မှုအောက်ရှိ မြန်မာနိုင်ငံမှ ဧရိယာတွေမှာ ထိုင်းနိုင်ငံမှပေးတဲ့ လျှပ်စစ်မီးဟာ မူးယစ်ဆေးထုတ်လုပ်မှုမှာ တိုက်ရိုက်မဟုတ်တဲ့နည်းနဲ့ ထောက်ကူနေတယ်လို့ သူက သ တင်းတွေကို ကိုးကားပြီး ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; House panel raises border concerns

#Ayeyarwaddy_Times