ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်

ဧရာ၀တီတိုင်း၊ကန်ကြီးထောင့်မြို့နယ် ၊ခုံဇင်ကုန်းကျေးရွာအုပ်စုရှိ ရွာများတွင် အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းအပါတ်စဥ်တိုင်းတွင် အစားထိုးလူငှါးရမ်းရန်ဟုဆိုကာ သိန်း ၁၅၀ ခန့်ကောက်ယူနေသောကြောင့် ဒေသခံများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ခုံဇင်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ရှစ်ရွာတွင် အုပ်ချုပ်ရေးမှူး ဦးလှသိန်းဆိုသူမှ အသက် ၁၈မှ ၃၅နှစ်အရွယ် အမျိုးသားများရှိသည့် နေအိမ်များကို စစ်မှုထမ်းလူငှါးရမ်းရန် တစ်အိမ်ကို ၁၅၀၀၀ နှုန်း ကောက်ခံခဲ့ကြောင်း ဒေသခံများမှပြောသည်။

“စစ်မှုထမ်းခေါ်တာအပါတ်စဥ်(၇)ရှိပြီဆိုတော့ ငွေထည့်ရတာ ခုနှစ်ကြိမ်ရှိပြီ။ အုပ်ချုပ်ရေးမှူးက သိန်း ၇၀ နဲ့လူငှါးကိုပေးပြီး ကျန်တာသူယူလိုက်တယ် “ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါကျေးရွာအုပ်စုတွင် စစ်မှုထမ်းဥပဒေအရအကျုံး၀င်သည့် နေအိမ်တစ် ထောင်ကျော်ရှိပြီး အုပ်ချုပ်ရေးမှူးဆိုသူမှ စစ်မှုထမ်းထောက်ပံကြေးများကောက်ခံပြီးတိုက်ဆောက်ခြင်း၊ကား၀ယ်ခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ကို အသုံးပြုပြီး စိတ်ထင်သလိုငွေတောင်းခံခြင်း၊ မဲပေါက်သည်ဟုဆိုကာ သင်တန်းသို့စေလွှတ်ခြင်းများ လုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှသိရှိရသည်။

#ကန်ကြီးထောင့်မြို့နယ် #ကျေးရွာများတွင် #စစ်မှုထမ်းအစားထိုးငှါးရန် #သိန်း၁၅၀ခန့်ကောက်ခံ #Ayeyarwaddy_Times