
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်
သမ္မတ ယွန်ဆတ်ခ်ယို အင်္ဂါနေ့ညပိုင်းမှာ ကြေညာခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ရုတ်သိမ်းလိုက် ပြီလို့ တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနက ဖော်ပြပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားတယ်လို့ ယွန်ဆတ်ခ်ယိုက အရေး ပေါ် ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးအမိန့်အရ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုတွေနဲ့ လွှတ်တော်မှာ စုဝေးခွင့်အပါအဝင် နိုင်ငံရေးလှုပ်ရှားမှုအားလုံးကို ပိတ်ပင်ထားပါတယ်။
လွှတ်တော်ရုံးအနီး လူစုလူဝေး ဖြစ်ပေါ်ခဲ့လို့ ပရမ်းပတာဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက အဆိုပါဧရိ ယာမှာ လူထုကို တန်းစီစေကာ လွှတ်တော်အဆောက်အအုံအတွင်း ပြည်သူတွေ မဝင်ရောက်နိုင်အောင် ရပ်တန့်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
အာဏာရပါတီနဲ့ အတိုက်အခံပါတီတွေက ယွန်ဆတ်ခ်ယိုရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါတယ်။ “အာဏာရပါတီအနေနဲ့ အခုလိုအခြေအနေတစ်ရပ် ဖြစ်ပွားခဲ့တာ အလွန် စိတ်မကောင်းစရာပါ” လို့ People Power ပါတီခေါင်းဆောင် ဟန်ဒေါင်ဟွန်က ပြောပါတယ်။
“လွှတ်တော်က အတည်ပြုခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့်ဟာ ဖွဲ့စည်းပုံအခြေခံဉပဒေနဲ့ မညီသလို တရားမဝင်ပါဘူး။ သမ္မတရဲ့အမိန့်အားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီသလို တရားမဝင်ပါဘူး” လို့ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် လီဂျေမြောင်က ပြောပါတယ်။
စစ်အုပ်ချုပ်ရေးအမိန့် ရုတ်သိမ်းတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ယနေ့အစောပိုင်းမှာ လွှတ်တော်က အတည်ပြုခဲ့ပြီး အဆိုပါအမိန့် ကြေညာချက်ဟာ တရားမဝင်ဘူးလို့ လွှတ်တော်ဥက္ကဌက ကြေညာခဲ့ပါ တယ်။
ယွန်ဆတ်ခ်ယိုက သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပကာ အစိုးရအဖွဲ့အစည်းအဝေးမှာ စစ်အုပ် ချုပ်ရေးအမိန့်ကို ရုတ်သိမ်းမယ်လို့ ပြောကြားခဲ့ပါတယ်။
ကိုးကား – NHK
Ref; Martial law lifted in South Korea, Yonhap reports
#Ayeyarwaddy_Times