
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်
ထိန်းသိမ်းခံထားရတဲ့ ထိုင်းတံငါသည် (၄) ဦးကို လွှတ်ပေးရေး တောင်းဆိုဖို့ ထိုင်းနိုင်ငံက တနင်္လာနေ့မှာ စစ်ကောင်စီခန့် မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။
နှစ်နိုင်ငံကြား နယ်စပ်အနီးရေပိုင်နက်အတွင်း ထိုင်းငါးဖမ်းလှေတွေကို မြန်မာစစ်တပ်က ပစ် ခတ်ပြီးနောက် ထိုင်းတံငါသည် (၄) ဦး ဖမ်းဆီးခံခဲ့ရတာပါ။
မြန်မာစစ်တပ်က ငါးဖမ်းလှေတစ်စင်းနဲ့ ထိုင်းလူမျိုး (၄) ဦးအပါအဝင် တံငါသည် (၃၁) ဦးကို ဖမ်းဆီးခဲ့ပြီး အမှုထမ်းတစ်ဉီး သေဆုံးခဲ့တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
မြန်မာစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက တနင်္လာနေ့မှာ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန် ခဲ့ပြီး မြန်မာရေတပ်က မိမိရေပိုင်နက်အတွင်း ထိုင်းငါးဖမ်းလှေတစ်စင်းကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါ တယ်။
မြန်မာရေတပ်က ထိုင်းငါးဖမ်းလှေကို စစ်ဆေးမှုခံယူဖို့ အချက်ပြခဲ့ပေမယ့် ငြင်းဆန်တာကြောင့် ဖမ်းဆီးခဲ့တာလို့ ၎င်းက ပြောပါတယ်။
တံငါသည်တစ်ဉီး သေဆုံးတာနဲ့ ဖမ်းဆီးထားတဲ့ တံငါသည်တွေကို လွှတ်ပေးခြင်း ရှိ မရှိကိုတော့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့တာမရှိပါဘူး။
ကိုးကား – NHK
Ref; Thailand summons Myanmar envoy over detained fishermen
#Ayeyarwaddy_Times