ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၈ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်သာကျေးရွာတွင် ယမန်နေ့ ဩဂုတ်လ ၁၇ ရက် ညနေ ၄ နာရီခွဲ မှ ၆ နာရီခွဲထိ ၂ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက် ၆ ဦးခန့်ထိသေဆုံးနိုင်ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီ​တော်လှန်ရေးတပ်ပေါင်းစု(KRU) က သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲအတွင်း ကရင်နီ‌တော်လှန်ရေးတပ်ပေါင်းစု (KRU) နှင့် DMO (PDF) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ အထိနာခဲ့ပြီး ပြည်သူ့နေအိမ်တစ်လုံးကို မီးရှို့ ဖျက်စီးသွားခဲ့သည့်အပြင် လက်နက်ကြီးများ၊အတွဲလိုက်ဒုံးများ၊ စက်သေနတ်များဖြင့် မနားတမ်းပစ်ခက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ဘက်ကလည်း ၈၁ မမ များဖြင့်ပြန်လည်ခုခံ ပစ်ခတ်ခဲ့ပြီး KRU တပ်သား တစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်းနှင့် အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများ အနေဖြင့် လက်ရှိတိုက်ပွဲများအား နောက်မဆုတ်တမ်း ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

ဓာတ်ပုံ – KRU