ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဎ(၁၃)ရပ်ကွက်တွင် နေထိုင်သည့် စစ်ကောင်စီလက်အောက်ခံ ရဲမှူး၏ကားကို ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခံရကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၂ ရက်နေ့ နံနက် ၆ နာရီ၃၀ မိနစ်ဝန်းကျင်ခန့်က ရဲမှူးမိုးညို၏နေအိမ်တွင် ၎င်းနှင့်အပေါင်းအပါများ ရှိနေစဉ် တော်လှန်ရေးအဖွဲ့မှ ပြင်းအားမြှင့် အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ရဲမှူးကားမီး လောင်ပျက်စီးသွားကြောင်း တိုက်ခိုက်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

“မနက်အစောကြီး ဗုံးပေါက်သံကြီးကြားလိုက်တာ။ ရဲမှူးကားဖောက်ခွဲခံရတာ”ဟု ရွှေပြည်သာမြို့နယ် နေ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကို The grand Unsung (TGU) နှင့် မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် Black UG Team တို့မှ တိုက်ခို က်ခဲ့ခြင်းဖြစ်ပြီး ရဲမှူးမိုးညို၏ကားမှာ မီးလောင်ကျွမ်း ပြာကျခဲ့ကြောင်း သိရသည်။

ပေါက်ကွဲပြီး မကြာခင် စစ်ကောင်စီတပ်နှင့် မီးသတ်ကားများရောက်ရှိလာကာ မီးငြိမ်းသတ်ခဲ့ သော်လည်း ကားမှာ မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ မြို့ပြပြောက်ကျားတပ်ဖွဲ့သည် ပြည်သူများကို မတရားခြိမ်းခြောက် အနိုင်ကျင့်နေသည့် စစ်ကောင်စီ၏ ဒေါက်တိုင်အကြီးစားများ၊ စစ်ကောင်စီလက်အောက်ခံများနှင့် အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် ထပ်မံတိုက်ခိုက်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

ပုံစာ – မိုင်းဖောက်ခွဲခံရသည့် ရဲမှူးမိုးညို၏ ကား
#ရန်ကုန် #ရွှေပြည်သာ #ရဲမှူးမိုးညို #ကား #မိုင်းဖောက်ခွဲခံရ #မီးလောင် #Ayeyarwaddy_Times