ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်

ဥရောပသမဂ္ဂဟာ ယူကရိန်းနိုင်ငံသို့ အမြောက်ကျည်ဆံတစ်သန်း ထောက်ပံ့ခဲ့ပြီး လက်နက်ကြီး ကျည်တွေ ပိုမိုထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ နိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲ ကာဂျာကဲလက်စ်က ပြောပါတယ်။

ကိယက်ဗ်မြို့တော် ခရီးစဉ်အတွင်း ယူကရိန်းမီဒီယာတွေနဲ့ အင်တာဗျူးတစ်ခုမှာ သူက အခုလို ပြောကြားခဲ့တာပါ။ အမြောက်ကျည်ဆံ အရေအတွက်ဟာ ယခုနှစ် မတ်လမတိုင်မီ ပေးအပ်ဖို့ ကတိပြု ထားတဲ့ ဥရောပသမဂ္ဂရဲ့ ကတိကဝတ်ကို ဖြည့်ဆည်းပေးတာဖြစ်ပါတယ်။

“ဥရောပသမဂ္ဂက ယူကရိန်းကို အမြောက်ကျည်ဆံတွေ ထောက်ပံ့တာ မလုံလောက်သေးပါဘူး။ နောက်ထပ် လုပ်ဆောင်စရာတွေ ရှိပါသေးတယ်” လို့ သူက ဆိုပါတယ်။
လာမယ့်နှစ်မှာ ယူကရိန်းသို့ပေးအပ်မယ့် စစ်ရေးအကူအညီနဲ့ပတ်သက်လို့ အမှန်တစ်ကယ် အ ရေအတွက်ကို မဆုံးဖြတ်ရသေးလို့ ၎င်းက ပြောပါတယ်။

“ကျွန်မတို့ လက်နက်ကြီးကျည်တေွ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်ကို အမှန်တစ်ကယ် အရှိန်မြှင့်ဖို့ လို အပ်နေပါပြီ” လို့ ကာဂျာကဲလက်စ်က ပြောပါတယ်။

ရုရှားကို ထိုးစစ်ဆင်မှု အရှိန်မြှင့်ဖို့ ယူကရိန်းနိုင်ငံက ရည်မှန်းပေမယ့် ဆိုးရွားသော ခဲယမ်းမီး ကျောက် ပြတ်လပ်မှု ကြုံတွေ့ခဲ့သလို အနောက်နိုင်ငံတွေကလည်း ပံ့ပိုးကူညီမှုတေွ တိုးမြှင့်နေပါတယ်။

ရုရှားနိုင်ငံအတွင်းပိုင်းကို တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖို့ အမေရိကန်နဲ့ဗြိတိန်က ယူက ရိန်းကို မကြာသေးမီက ခွင့်ပြုခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ၂၀၂၅ ခုနှစ်အတွက် ဖက်ဒရယ်ဘတ်ဂျက်ကို လက်မှတ်ရေး ထိုးခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၁၂၆ ဘီလီယံ သတ်မှတ်ခဲ့ရာ ယခင်နှစ်ကထက် ၂၅ ရာခိုင် နှုန်း တိုးလာခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ စစ်လက်နက်ထုတ်လုပ်မှု တိုးမြှင့်ဖို့ ပမာဏများပြားသော ကာကွယ်ရေးဘတ် ဂျက် သုံးစွဲမယ်လို့ မျှော်မှန်းရပါတယ်။

ကိုးကား – NHK
Ref; EU says it has delivered 1 million artillery shells to Ukraine
#Ayeyarwaddy_Times