
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်
အရပ်သားသေဆုံးသူ ၆၀၀၀ ကျော်လာပြီဖြစ်လို့ မြန်မာ့အရေးမှာ နိုင်ငံတကာရဲ့တုံ့ပြန်မှုက လမ်းကြောင်းမှန်ဖို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက တနင်္လာနေ့မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း တောင်းဆိုလိုက်ပါတယ်။
“နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်နေပါတယ်။ အ ပြောင်းအလဲတစ်ရပ်ပြုလုပ်ဖို့ အချိန်ကျပါပြီ” လို့ ၎င်းတို့က ပြောပါတယ်။
နိုင်ငံတကာရဲ့ အရေးယူမှုက စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ စစ်လက်နက်တွေရရှိမှုကို လျှော့နည်းစေတယ်လို့ ၎င်းတို့က ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောရေးမှာ ပြည်သူ ၂၀၀၀ နီးပါး သေဆုံးခဲ့ပြီး ၃၆၅ ဉီး ဉီးခေါင်းပစ်သတ်ခံခဲ့ရ ကာ ၂၁၅ ဉီး မီးရှို့သတ်ခံခဲ့ရတယ်လို့ ယုံကြည်စိတ်ချရသော အစီရင်ခံစာတွေကို ကိုးကားပြီး ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။
“အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ပြည်သူ ၂၁၀၀၀ ကျော် ထိန်းသိမ်းခံရဆဲဖြစ်ပြီး မိသားစုဝင် တွေ၊ ရှေ့နေတွေဟာ ထိန်းသိမ်းခံရသူတွေရဲ့ကံကြမ္မာ သို့မဟုတ် ဘယ်နေရာမှာ ထိန်းသိမ်းခံရတယ်ဆို တာ မသိပါဘူး” လို့ ၎င်းတို့က ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်လက်နက်ရရှိမှုကို ငြင်းဆန်တာအပြင် တရားဝင်မှုရရှိဖို့ ကြိုးပမ်းမှုကိုလည်း ငြင်းဆန်ကြဖို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက တောင်းဆိုလိုက်ပါတယ်။
“ဖွဲ့စည်းပုံအခြေခံဉပဒေနဲ့မညီညွတ်တဲ့ အာဏာသိမ်းမှုမှာ ဖြုတ်ချခံခဲ့ရတဲ့ ဒီမိုကရေစနည်းကျ ရွေးကောက်ခံအစိုးရမပါဘဲ ရွေးကောက်ပွဲတစ်ရပ် ပြုလုပ်လို့မရပါဘူး။ မြန်မာစစ်ကောင်စီဟာ တရား လက်လွတ်ဖမ်းဆီးမှုတွေ၊ အတိုက်အခံခေါင်းဆောင်တွေကို နှိပ်ကွက်တာတွေ ဆက်လက်ပြုလုပ်နေပါ တယ်” လို့ ၎င်းတို့က ပြောပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို အကူအ ညီပေးတာ အရှိန်မြှင့်ဖို့၊ အရပ်သားတွေကို ကာကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေး အပ်ဖို့လည်း ၎င်းတို့က ကမ္ဘာ့နိုင်ငံတွေနဲ့ အလှူရှင်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; UN experts urge ‘course correction’ in int’l response as civilian deaths exceed 6,000 in Myanmar
#Ayeyarwaddy_Times