
ဧရာဝတီတိုင်းမ်
(ဖယ်ခုံ)၊ ဒီဇင်ဘာ ၃ ရက်
ရှမ်း-ကရင်နီအစပ်၊ ဖယ်ခုံမြို့နယ် အနောက်ခြမ်းရှိ ဆိုင်ခွန် ကျေးရွာကို ယနေ့ ဒီဇင်ဘာ ၃ ရက်၊ နံနက် ၃ နာရီ ဝန်းကျင်တွင် စစ်ကောင်စီကအကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အသက် ၁၄ နှစ်ဝန်းကျင်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဆိုင်ခွန်ကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှု ၄၅ ကြိမ်အထိပြုလုပ်ခဲ့ပြီး အသက် ၁၄ နှစ်ဝန်းကျင် နွားကျောင်းသား ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ လေး ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
“ထိခိုက်မှုအချို့ရှိပါတယ်။ နွားကျောင်းသား အသက် ၁၃၊ ၁၄ နှစ်ဝန်းကျင်ပြည်သူတစ်ဦး ထိခိုက်သေဆုံးရတယ်။ ဗုံးကြဲတာကြောင့် စစ်ကောင်စီကတော့ ကျေးရွာတွင် စစ်ရှောင်စခန်းတွေကို တိုက်ခိုက်တာ က တော့ ပြည်သူကို တိုက်ခိုက် ပစ်မှတ်ထားတိုက်ခိုက်ထားတာလို့ဘဲမြင်ပါတယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ယခုအခါ ဖယ်ခုံမြို့နယ်အတွင်းရှိ ဒေသခံများနေထိုင်ရာ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများကို အဓိကထားကာ လေ ကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့ကကုန်းေပါကျေးရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဒေသခံ ခြောက် ဦးသေဆုံးခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း လအိကျေးရွာ၊ ဘန်ကောက်စစ်ရှောင်စခန်းကို လေ ကြောင်းတိုက်ခိုက်ခဲ့ရာ နေအိမ်ထိခိုက်ပျက်စီးမှုများနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရမှုများ ရှိကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဖယ်ခုံ #ဆိုင်ခွန်ရွာ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ကလေး #သေဆုံး #Ayeyarwaddy_Times