ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်

ရန်ကုန်တိုင်းရှိမြို့နယ်များ၌ တစ်မြို့နယ်တွင် ကြက်ဥအလုံးရေတစ်သောင်းစီ(၁၀,၀၀၀) ဖြင့် စစ်ကောင်စီလက်အောက်ခံ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက တာဝန်ယူရောင်းချရ ကြောင်း သိရသည်။

ယခုနှစ်ရက်အတွင်း လမ်းမတော်မြို့နယ်၊ ပန်းဘဲတန်းမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် ကြက်ဥ တစ်လုံးလျှင် ကျပ် ၃၇၀ နှုန်းဖြင့် လူတစ်ဦးလျှင် ၁၀ လုံးစီရောင်းချ‌ပေးရကြောင်း YCDC ဝန်ထမ်းများ ထံက သိရသည်။

” စည်ပင်ဝန်ထမ်းတွေကို မြို့နယ်အလိုက်ကြက်ဥအလုံးတစ်သောင်းရောင်းခိုင်းတယ်။ တစ်လုံးကွဲရင် လည်း တစ်လုံးကို ၂၀၀ လျှော်ရ‌သေးတယ်။ ဝန်ထမ်းတွေကိုခိုင်းနေတာ အလုပ်တွေရှုပ်နေတာပဲ” ဟု YCDC မှ အမျိုးသမီးဝန်ထမ်းတစ်‌ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရန်ကုန်မြို့ရှိ မြို့နယ် ၄၄ မြို့နယ်တွင် တစ်မြို့နယ်စီလျှင် ကြက်ဥတစ်သောင်း အရေအတွက် အကုန်ရောင်းချရန် စစ်ကောင်စီက ခိုင်းစေထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

” ရပ်ကွက်ထဲမှာတော့ တစ်ယောက်နှစ်ထုပ်၊ တစ်ထုပ်ဝယ်ကြတာ‌တွေ့တယ်။ အပြင်မှာလည်း ဈေးကျတော့ သိပ်မဝယ်ကြဘူး။ အရင်နေ့က စည်ပင်က သူတို့ရောင်းလို့မကုန်တဲ့ကြက်ဥတွေကို အနီးနားကဆိုင်တွေမှာအတင်းပြန်ရောင်းနေတာ ” ဟု ပန်းဘဲတန်းနေထိုင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ကြက်ဥအသေးဆိုဒ်တစ်လုံးလျှင် ၄၅၀ ကျပ်ဖြစ်ပြီး ကြက်သားဈေးကျဆင်းခြင်းမရှိသေးကြောင်းဈေးကွက်အတွင်းက စုံစမ်းသိရသည်။

ပြီးခဲ့သည့်လတွင် ကြက်‌‌ဥအရွယ်အစား အလုံးသေး၊ အလတ်၊ အလုံးကြီးသုံးမျိုးထဲမှ အသေးဆိုဒ် အလုံးသေးတစ်လုံးလျှင်ပင် ၅၀၀ ကျပ် အထိ ဈေးတက်သွားခြင်းဖြစ်သည်။

ထို့ပြင် တိရစ္ဆာန်အစားအစာနှင့် ဆေးဝါးတင်သွင်းမှုခက်ခဲခြင်း၊ ဖွဲ့နုရှားပါးခြင်း‌နှင့် ထိုင်းနိုင်ငံပိုင် CP ကုမ္ပဏီက ကြက်မွေး မြူရေးသမားများထံ ကြက်စာရောင်းချမှု ခေတ္တပိတ်ထားခြင်းတို့အပါအဝင် အကြောင်းအရင်းစုံများစွာရှိကြောင်းသိရသည်။

စစ်တပ် အာဏာသိမ်းပြီး‌နောက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ထွက်ခွာသွားရာတွင် လုပ်သားအင်အား မလုံလောက်မှုနှင့် ကုန်ကြမ်းရရှိမှု အခက်အခဲများကြောင့် တောင်ကိုရီးယားနိုင်ငံမှ ကြက်မွေးမြူ ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် CJ Feed Myanmar ကုမ္ပဏီလည်း တစ်ခု အပါအဝင်ဖြစ်သည်။

#ရန်ကုန်မြို့တွင်း #ကြက်‌ဥအလုံးရေ၁၀၀၀၀ #ရောင်းချ #YCDC #Ayeyarwaddy_Times