ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ ဒီဇင်ဘာ ၂ ရက်

ချင်းလဲန်အစိုးရက ဟားခါး-ထန်တလန်အကြားတွင် ဆင်နွှဲနေသော jacod operation တွင် ချင်းလဲန်အစိုးရကာကွယ်ရေးတပ်က ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စစ်ကောင်စီ၏ တပ်စခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးကို ဖမ်းဆီးထားပြီး တပ်ရင်းမှူး နှစ်ဦးနှင့် အရာရှိ ငါး ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း ၃၀ ဦးခန့်သေဆုံး၍ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိခဲ့ကြောင်းဒေသသတင်းများ၏ ဖော်ပြချက်အရ သိရသည်။

စစ်ကောင်စီတပ်စခန်းများသိမ်းပိုက်ခဲ့မှုနှင့် ပတ်သက်၍ Jacob Operationတာဝန်ခံကို ဧရာဝတီ တိုင်းမ်က ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်၍ မရပေ။

အလားတူ ဟားခါး – ထန်တလန်အကြားရှိစစ်ကောင်စီတပ်၏ ပွိုင့် ၃ စခန်းကုန်းကိုလည်း ချင်းလဲန်အစိုးရကာကွယ်ရေးပူးပေါင်းတပ်က ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်တွင် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့သည်။

ချင်းလဲန်အစိုးရကာကွယ်ရေးတပ်က Jacob စစ်ဆင်ရေးကို ပြီးခဲ့သည့်နိုဝင်ဘာလ ၂၂ ရက်မှ စတင်ခဲ့ပြီး စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးများဖြင့် နေ့စဥ်တိုက်ခိုက်နေပြီး စစ်သည်အင်အားဖြည့်တင်းမှု များလည်း ဟားခါးမြို့တွင် ပြုလုပ်နေကြောင်းသိရသည်။

ဓာတ်ပုံ-VOC
ပုံစာ-ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။
#ဟားခါးထန်တလန်ကြား #တိုက်ပွဲပြင်းထန် #ချင်းလဲန်အစိုးရကာကွယ်ရေးတပ် #စစ်ကောင်စီစခန်း၄ခု #သိမ်းပိုက် #စစ်သုံးပန့် #၁၉ဦးဖမ်းဆီးထား #Ayeyarwaddy_Times