ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်

အမေရိကန်နိုင်ငံရဲ့ ထိုင်ဝမ်သို့ စစ်လက်နက်ရောင်းချမှုကို တရုတ်အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ် ဉီးက တနင်္ဂနွေနေ့မှာ ကန့်ကွက်ခဲ့ပြီး ဒေသတွင်း လက်နက်အားကိုးဖို့ ကြိုးပမ်းမှုကို အပြင်းအထန် ရှုတ် ချလိုက်ပါတယ်။

ထိုင်ဝမ်သို့ ဒေါ်လာ ၃၈၅ သန်းတန်ကြေးရှိ စစ်လက်နက်တွေရောင်းချဖို့ အမေရိကန်အစိုးရရဲ့ ကြေညာမှုကို လက်တုံ့ပြန်မှုအဖြစ် တရုတ် နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ချန်ဘင်ဟွာက အခုလို မှတ်ချက်ပြုခဲ့တာပါ။

ချန်ဘင်ဟွာက ထိုင်ဝမ်အာဏာရ DPP ပါတီ တာဝန်ရှိသူတွေကိုလည်း ဝေဖန်ခဲ့ပြီး ကာကွယ် ပေးခတွေပေးတာဟာ ထိုင်ဝမ်ကို လုံခြုံမှုမဖြစ်စေဘဲ ကိုယ့်ဘာသာဖျက်ဆီးမှုသာဖြစ်စေမယ်လို့ ပြောပါ တယ်။

“မအောင်မြင်နိုင်တဲ့ ထိုင်ဝမ်လွတ်လပ်ရေးအတွက် အမေရိကန်နိုင်ငံရဲ့ ထောက်ခံအားပေးမှုကို ရပ်တန့်ပါ” လို့ သူက ဆိုပါတယ်။

အမေရိကန်နိုင်ငံရဲ့လုပ်ရပ်ဟာ ထိုင်ဝမ်လွတ်လပ်ရေးကို ပံ့ပိုးကူညီမှုမပြုလုပ်ဘူးဆိုတဲ့ အမေရိ ကန်ခေါင်းဆောင်ရဲ့ ကတိကဝတ်နဲ့ မကိုက်ညီသလို ‘တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကို ချိုးဖောက်ရာကျ တယ်လို့ ၎င်းက ထောက်ပြပါတယ်။

ထိုင်ဝမ်သို့ စစ်လက်နက်တွေရောင်းချတာကို ချက်ချင်း ရပ်တန့်ဖို့ ချန်ဘင်ဟွာက အမေရိကန် နိုင်ငံကို တောင်းဆိုခဲ့ပါတယ်။

“အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေတည်တံ့မှုကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်နိုင်ရေး ပြတ်သားသော တန်ပြန်အစီအမံတွေလုပ်ဆောင်မယ့် တရုတ်နိုင်ငံရဲ့ စိတ်ပိုင်းဖြတ်မှုကို လျှော့မတွက်ပါ နဲ့” လို့ သူက ပြောပါတယ်။

ကိုးကား – Xinhua
Ref; Mainland slams U.S. arms sales to Taiwan, warns of grave consequences: spokesperson

#Ayeyarwaddy_Times