
ဖမ်းဆီးခံထားရတဲ့ ထိုင်းတံငါသည် (၄) ဦးကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆို)
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်
မြန်မာရေတပ်ရဲ့ ငါးဖမ်းလှေတစ်စင်းနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ထိုင်းတံငါသည် (၄) ဦး လွတ် မြောက်ရေးအတွက် ထိုင်းအာဏာပိုင်တွေက စေ့စပ်ညှိနှိုင်းနေသလို သောကြာနေ့မနက်အစောပိုင်းက ငါးဖမ်းလှေ (၁၅) စင်းကို သေနတ်နဲ့တိုက်ခိုက်မှုအား ကန့်ကွက်လျက်ရှိပါတယ်။
ထိုင်းတံငါသည် (၄) ဉီး လွတ်မြောက်ရေးအတွက် မြန်မာအာဏာပိုင်တွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ ကာ ကွယ်ရေးဝန်ကြီး Phumtham Wechayachai က ထိုင်း-မြန်မာနယ်ခြားကော်မတီမှ ထိုင်းတာဝန်ရှိသူတွေ ကို ညွှန်ကြားခဲ့တယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ သာနာတစ်ဆာဝမ်ဆန်က ပြောပါတယ်။
မြန်မာရေတပ်က ထိုင်းတံငါသည် (၄) ဉီးနဲ့ မြန်မာရေလုပ်သား ၂၇ ဉီးကို ဖမ်းဆီးကာ ဇာဒက် ကြီးကျွန်းသို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ထိုင်းတံငါသည် (၄) ဉီးနဲ့ ငါးဖမ်းလှေကို ရက်အနည်းငယ်အတွင်း လွတ်ပေးမယ်လို့ ထိုင်းအာ ဏာပိုင်တွေက မျှော်မှန်းနေကြောင်း၊ မြန်မာရေတပ်ရဲ့ တိုက်ခိုက်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပြီး စုံစမ်း စစ်ဆေးမှုက တိုက်ခိုက်မှုဖြစ်စဉ်ရဲ့ တိကျသောနေရာကို ဆုံးဖြတ်ပေးမယ်လို့ သာနာတစ်ဆာဝမ်ဆန်က ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေက သံတမန်လမ်းကြောင်းမှတစ်ဆင့် တိုက်ခိုက်မှုကို ကန့်ကွက်ကာ ဖြစ်စဉ် ဟာ လွန်လွန်ကဲကဲတုံ့ပြန်မှု ဟုတ် မဟုတ် စဉ်းစားဖို့ မြန်မာနိုင်ငံကို တောင်းဆိုခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်း ငါးဖမ်းလှေတစ်စင်းမှ အမှုထမ်းတစ်ဉီး ပင်လယ်ထဲခုန်ချခဲ့တာကြောင့် ရေ နစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းအစိုးရက အကြမ်းဖက်ကို ဆန့်ကျင်ကာ ဖြစ်စဉ်နဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုကို စောင့် ဆိုင်းနေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာက ချင်းရိုင်ပြည်နယ်မှာ တနင်္ဂနွေနေ့ က ပြောကြားခဲ့ပါတယ်။
ဖြစ်စဉ်ကို ဆွေးနွေးဖို့နဲ့ ထိုင်းတံငါသည်တွေကို ချက်ချင်း လွှတ်ပေးရေး တောင်းဆိုဖို့ ထိုင်း နိုင်ငံ ခြားရေးဝန်ကြီး မာရိုက်စ်ဆန်ဂီယန်ပွန်ဆာက ဗန်ကောက်မြို့ရှိ မြန်မာစစ်ကောင်စီသံအမတ်ကို ဆင့်ခေါ် ခဲ့ပါတယ်။
ကိုးကား – Bangkok Post
Ref; Thailand seeks release of fishing crew, protests Myanmar attack on boats
#Ayeyarwaddy_Times