ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်

ရုရှားနိုင်ငံနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေစတင်ရေး စဉ်းစားဖို့ လုံလောက်သော လုံခြုံ ရေး အာမခံချက်တွေ လိုအပ်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

တနင်္ဂနွေနေ့က ကိယက်ဗ်မြို့တော်မှာ ဉရောကကောင်စီဉက္ကဌသစ် အန်တိုနီယိုကော်စတာနဲ့ အ တူပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ သူက အခုလို ပြောကြားခဲ့တာပါ။

ရုရှားနိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်မယ့် အစီအစဉ်တွေ မသတ်မှတ်မီ ယူကရိန်းနိုင်ငံက လုံ လောက်သော လုံခြုံရေးအာမခံချက်တွေ လိုအပ်တယ်လို့ ၎င်းက ဆိုပါတယ်။

လုံခြုံရေး အာမခံချက်တွေထဲမှာ တာဝေးပစ်လက်နက်တွေ အလုံအလောက် ထောက်ပံ့တာနဲ့ ယူကရိန်းနိုင်ငံအတွက် နေတိုးအဖွဲ့ဝင်ဖို့ တရားဝင် လုပ်ငန်းစဉ်တွေ စတင်တာတွေ ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။

ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ဝင်ဖို့ ဖိတ်ကြားချက်ဟာ ရုရှားက လက်ရှိ သိမ်းပိုက်ထားတဲ့ နယ်မြေ တွေအပါအဝင် တိုင်းပြည်ရဲ့ ပိုင်နက်နယ်မြေအားလုံး ပါဝင်သင့်တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

အန်တိုနီယိုကော်စတာဟာ ဉရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲသစ် ကာဂျာကဲလက်စ် နဲ့အတူ ကိယက်ဗ်မြို့တော်ကို ရောက်ရှိလာခဲ့တာပါ။

ဉရောပသမဂ္ဂဟာ ဇန်နဝါရီလမှစတင်ကာ ယူကရိန်းနိုင်ငံသို့ လစဉ် ယူရို ၁ ဒသမ ၅ ဘီလီယံ ထောက်ပံ့ဖို့ စီစဉ်နေကြောင်း၊ ထိန်းချုပ်ထားတဲ့ ရုရှားနိုင်ငံပိုင်ငွေကြေးတွေရဲ့ အကျိုးအမြတ်တွေကို အ သုံးပြုပြီး ယူကရိန်းသို့ ထောက်ပံ့မယ်လို့ အန်တိုနီယိုကော်စတာက ပြောပါတယ်။

ရုရှားကျူးကျော်စစ် ရှိနေသရွေ့ ဉရောပသမဂ္ဂက ယူကရိန်းနိုင်ငံနဲ့ အတူရပ်တည်မယ်လို့လည်း ၎င်းက ကတိပြုပါတယ်။

ကိုးကား – NHK
Ref; Zelenskyy: Ukraine needs enough security guarantees to start ceasefire talks

#Ayeyarwaddy_Times