
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်
စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) ပြည်သူ့စစ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်သဖြင့် တောင်ယာခြံထဲ ပြောင်းချိုးသွားနေသည့် သားအမိ နှစ် ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြိုနယ် နောင်ရင်းကျေးရွာမှ ဒေသခံ မိသားစု သုံးဦးသည် ယနေ့ ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီခန့်က ၎င်းတို၏ ပြောင်းခြံတွင် ပြောင်းချိုးနေစဉ် စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) က ထုတ်ပြန်ထားသည်။
စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ယင်းသိုဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြောင်းခြံအတွင်းရှိ နန်းထွေး နှင့် ၎င်း၏ နှစ်နှစ်အရွယ် ကလေးငယ်တို့သည် ဗုံးကြဲခံရသည့်နေရာတွင်ပင် သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူ ခွန်ငယ်လေးမှာမူ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တို့သည် ပအိုဝ်းကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်း ၊ ပအိုဝ်းအိမ်များအား မီးရှိဖျက်ဆီးခြင်း ၊ ပအိုဝ်းပြည်သူအား သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း PNLA က ဆိုသည်။
#PNLO #PNLA #ဆီဆိုင် #စစ်ကောင်စီ #PNOပြည်သူ့စစ် #ဒရုန်းဖြင့်ဗုံးကြဲ #ပြောင်းချိုး #သားအမိ၂ဦးသေ #၁ဦးဒဏ်ရာရ #Ayeyarwaddy_Times