ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်

ထိုင်ဝမ်သို့ ဒေါ်လာ ၃၈၅ သန်းတန်ကြေးရှိ စစ်လက်နက်တွေရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီး ထိုအစီအ စဉ်ကို ကွန်ဂရက်သို့ အကြောင်းကြားထားတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက ဟာဝိုင်အီမှာ ခရီးတစ်ထောက်နားဖို့ပါဝင်တဲ့ ပစိဖိတ်ခရီးစဉ် တစ်ခု မထွက်ခွာမီ တစ်ရက်အလို သောကြာနေ့မှာ ယခုလို ဆုံးဖြတ်ခဲ့တာပါ။

ထိုင်ဝမ်သို့ စစ်လက်နက်တွေရောင်းချမှုမှာ F-16 ဂျက်တိုက်လေယာဉ် အစိတ်အပိုင်းတွေနဲ့ ရေဒါ စနစ်တွေ ပါဝင်တယ်လို့ အမေရိကန်နိုင်ငံက ပြောပါတယ်။

စစ်လက်နက်ရောင်းချမှုဟာ ထိုင်ဝမ်ရဲ့လုံခြုံရေးကို တိုးတက်စေကာ နိုင်ငံရေးတည်ငြိမ်မှု၊ စစ် ရေးချိန်ခွင်လျှာညီမှုနဲ့ ဒေသတွင်း စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေမယ်လို့ အမေရိကန်အ စိုးရက ဆိုပါတယ်။

ယခုအစီအစဉ်ဟာ သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်မှာ ၁၈ ကြိမ်မြောက် စစ်လက်နက်ရောင်းချမှု ဖြစ်လာမယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ထပ်တလဲလဲ ပြုလုပ်ခြင်းအားဖြင့် တရုတ်နိုင်ငံ က ထိုင်ဝမ်အပေါ် စစ်ရေးဖိအားပေးမှု အရှိန်မြှင့်လျက်ရှိပါတယ်။

ထိုင်ဝမ်က ကိုယ့်ကိုကိုယ် ခုခံကာကွယ်မှုကို စိတ်ပိုင်းဖြတ်ကာ အမေရိကန်နိုင်ငံနဲ့ အနီးကပ် လုံ ခြုံရေး မဟာမိတ်ပြုမှု တိုးမြှင့်သွားမယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုးကား – NHK
Ref; US to sell weapons worth $385 mil. to Taiwan

#Ayeyarwaddy_Times