ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃၀ ရက်

မဘသနှင့်မျိုးချစ်အဖွဲ့ဝင် သွေးသောက်အဖွဲ့ခေါင်းဆောင်ဆိုသူ မင်းမင်းကို စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ကြိုးကြာနီပြည်သူ့ ကာကွယ်ရေးတပ်ထံက သိရသည်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းပိုင်းတွင် ကြက်ဝိုင်းကိုဆပ်ကြေးကောက်ရန်လာစဉ် ယမန်နေ့ နိုဝင်ဘာ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်ကပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ကြက်ဝိုင်းကိုဆပ်ကြေးလာကောက်နေကြသူက၊ လာ တိုင်းမှာ လက်နက်အမြဲပါတယ်။ ရဲဘော်နှစ်ယောက်က အရဲစွန့်ဝင်ရှင်းတော့ ဓားရှည်ပဲပါလာတာတွေ့ရတယ်။ သူ့ကိုပစ်တော့ ဘေးကနောက် လိုက်ကောင်က ဓားနဲ့ဝင်ခုတ်လို့ သူ့ကိုပါရှင်းခဲ့လိုက်တာ။ ဘေးမှာစစ်ကားတွေလည်းရှိတယ်”ဟု ကြိုးကြာနီပြည်သူ့ကာကွယ်ရေးတပ်၊ မကွေးအရှေ့ခြမ်းတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကိုမင်းမင်းသည် မဘသနှင့်အမျိုးသားလှုပ်ရှားမှုများတွင် ပါဝင်သူဖြစ်ပြီး လင်းယုန်ပရဟိအဖွဲ့အမည်ခံကာ သွေးသောက်အဖွဲ့အတွက် လက်နက်များအလှူခံပေးသူဖြစ်ကြောင်း သိရသည်။

သတ်ဖြတ်ခံရသူ သွေးသောက်အဖွဲ့ခေါင်းဆောင်မင်းမင်းသည် လူမှုကွန်ရက်တွင် တော်လှန်ရေးအင်အားစုများနှင့် ၎င်းတို့ကိုဆန့်ကျင်သူများကို ဖမ်းဆီးသတ် ဖြတ်ရန် အမြဲလှုံ့ဆော် ဆဲဆိုနေသူဖြစ်ပြီး၊ လက်နက်မျိုးစုံကိုင်ဆောင်ကာ ခြိမ်း ခြောက်ပြောဆိုနေသူလည်းဖြစ်သည်။

“သူအသတ်ခံရတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။ လိုင်းပေါ်ကနေ အမျိုးမျိုးပြောဆို လက် နက်ပြပြီး ရမ်းကားနေတာ။ သူသေတာ ဝမ်းသာလွန်းလို့။ တော် လှန်ရေးအဖွဲ့တွေက အဲဒီလိုလူတွေကို များများရှင်းနိုင် လေကောင်းလေပါပဲ။ လုံခြုံလှပြီထင်ပြီး လူတွေကို ဆဲဆို ရမ်းကား မိုက်ကြေးခွဲနေတာ”ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်ပြီး စစ်တပ်ထောက်ခံသူ များနှင့် စစ်လော်ဘီများမှ “ပြည်သူ့စစ်တပ်ဖွဲ့ဝင်များထဲမှာ ပါဝင်ဆောင်ရွက်ခဲ့သည့် အမျိုး သားရေးလှုပ် ရှားသူ ကိုမင်းမင်းကို ခေါင်းဖြတ်သတ်လိုက်ကြပြီ”ဟု ရေးသားထားသည်ကို တွေ့ရသည်။

ထို့အပြင် မင်းမင်း၏လူမှုကွန်ရက်အကောင့်ဖြစ်သည့် မျိုးချစ်ကိုမင်းဆိုသည့်အကောင့်တွင် နိုဝင်ဘာ ၆ ရက်နေ့က “ဟေ့ရောင်တွေ ကိုင်ထားတာကြည့်အုန်း တို့မြန်မာတပ်မတော် ကပစထုတ်တွေနော့။ ကိုယ့်တိုင်း ရင်းသားပြည်သူတွေမလို့ ငှဲ့ညှာနေတာကို ရောင့်တက် လာတော့ ကိုယ့်အလှည့်ကြရင်တော့ မနွဲ့စနမ်းနော့။ မြင်ဖူးအောင်ကြည့်ထားနော့”ဟုဆိုကာ လက်နက် ကိုင်၍ တင်ထားသည်ကို တွေ့ရသည်။

#သွေးသောက်အဖွဲ့ #ခေါင်းဆောင် #မျိုးချစ် #မဘသ #စစ်လော်ဘီ #မင်းမင်း #နေပြည်တော် #အသတ်ခံရ #ကြိုးကြာနီ #ပြည်သူ့ကာကွယ်ရေးတပ် #Ayeyarwaddy_Times