ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃၀ ရက်

ဧရာ၀တီတိုင်း၊ပုသိမ်မြို့နယ် ၊ရွာသစ်ကျေးရွာအုပ်စုအတွင်းရှိ ရွာများတွင် အုပ်ချုပ်ရေးမှူးမစစ်မှုထမ်းအစားထိုးလူငှားရမ်းရန်ဟုဆိုကာ လစဥ်တိုင်းငွေကောက်ခံနေသောကြောင့် ဒေသခံများ အခက်အခဲကြုံနေရကြောင်း သတင်းရရှိသည်။

ရွာသစ်ကျေးရွာအုပ်စုအတွင်းရှိထန်းကုန်း၊ကုန်းသာယာ၊ရွာသစ်၊လက်ခုပ်ပင် စသည့်ကျေးရွာများတွင် အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်ဆိုသူမှအသက် ၁၈မှ ၃၅နှစ်အတွင်း အမျိုးသားများရှိသည့် နေအိမ်များကို စစ်မှုထမ်းလူငှားရမ်းရန်အတွက် တစ်အိမ်ကိုလစဥ် ငါးသောင်းနှုန်း ကောက်ခံနေကြောင်းဒေသခံများမှပြောသည်။

“လတိုင်းပေးနေရတာ တစ်ခြားရွာတွေက တစ်နှစ်ကို နှစ်ကြိမ်လောက်ပဲ ပေးရတယ်။ ဒီမှာက အုပ်ချုပ်ရေးမှူးက မပေးနိုင်ရင် စစ်ထဲလိုက်ဆိုတော့ သေမှာစိုးလို့ မရှိတဲ့ကြားက ရှာကြံပေးနေရတယ် “ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါကျေးရွာများတွင် လယ်နှင့်လက်လုပ်လက်စား အခြေခံလူတန်းစားများပြီး ကုန်ဈေးနူန်းကြီးမြင့်မှုကြောင့် ယခုကဲ့သို့ စစ်မှုထမ်းငှါးရမ်းရန် လစဥ်တိုင်းကောက်ခံမှုကြောင့် ဒေသခံများအနေဖြင့် စားဝတ်နေရေးအတွက် အခက်အခဲရှိကြောင်း သိရသည်။

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ကို အသုံးပြုပြီး စိတ်ထင်သလို ငွေတောင်းခံခြင်း၊ မဲပေါက်သည်ဟုဆိုကာ သင်တန်းသို့စေလွှတ်ခြင်းများ လုပ်ဆောင်နေကြကြောင်း ဒေသခံများက ပြောသည်။

#ပုသိမ်မြို့နယ် #ကျေးရွာများ #စစ်မှုထမ်းအစားထိုးငှါးရမ်းရန် #လစဥ် #ဒေသခံများ #အခက်ကြုံ
#Ayeyarwaddy_Times