ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃၀ ရက်
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့ပေါ်ရှိ ရပ်ကွက်များတွင် အုပ်ချုပ်ရေးမှူးများမှ စစ်မှုထမ်းအစားထိုးလူငှါးရမ်းရန်ဟုဆိုကာ လစဥ်တိုင်းငွေကောက်ခံနေသော်လည်း မဲပေါက်သည်ဟုဆိုကာ ရပ်ကွက်အတွင်းမှလူငယ်အချို့ကို စစ်မှုထမ်းရန် ခေါ်ဆောင်ခြင်း ခံရကြောင်း သိရသည်။
ပြီးခဲ့သည့် နို၀င်ဘာ ၁၀ ရက်နေ့က စစ်မှုထမ်းငှါးရမ်းရန်နှင့် ထောက်ပံကြေးလစဥ်ထည့်၀င်နေသည့် အမှတ်(၈)ရပ်ကွ
က်တွင်နေထိုင်သော လူငယ်တစ်ဦးကိုမဲပေါက်သည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားသည့်အတွက် ဒေသခံများကစိုးရိမ်နေကြကြောင်း သိရသည်။
“ရပ်ကွက်ထဲက ငွေကောက်မယ် သူတို့လူငှါးပြီးထည့်လိုက်ရင် ဘယ်လူငယ်မှလိုက်စရာမလိုဘူးလို့ပြောတာလည်းသူတို့ပဲ ၊ ပြီးတော့ပိုက်ဆံလည်းရရော စစ်မှုထမ်းဖို့လာခေါ်တာလည်းသူ
တို့ပဲ။ အုပ်ချုပ်ရေးမှုးတွေကထင်တိုင်းလုပ်နေကြတာပဲ”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်မ်းကိုပြောသည်။
ဖျာပုံမြို့ပေါ်ရပ်ကွက်များတွင် စစ်မှုထမ်းလူငှါးရန်နှင့် ထောက်ပံရန်အတွက် အသက် ၁၈ နှစ်မှ ၃၅နှစ်အတွင်းရှိ အမျိုးသားများရှိသည့်နေအိမ်များကို တစ်သောင်းကျပ်မှငါးသောင်းကျပ်အထိ လစဥ်ကောက်ခံနေကြောင်း သိရှိရသည်။
ပြီးခဲ့သည့် နို၀င်ဘာလအစပိုင်းက ဖျာပုံမြို့နယ် ကြက်ဖမွှေးစောင်းကျေးရွာအုပ်စုအတွင်း စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး ငွေသိန်းရာချီ တောင်းယူခဲ့သော အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်ကို ဒေသခံများ၏ တိုင်ကြားမှုကြောင့် စစ်ဆေးပြီး ရာထူးမှအနားပေးရုံသာပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
#ဖျာပုံမြို့ #စစ်မှုထမ်းလူငှားခ #ထောက်ပံကြေးများ #မဲပေါက် #စစ်တပ်ထဲပို့
#Ayeyarwaddy_Times