ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃၀ ရက်

တနင်္လာနေ့မနက်ပိုင်းက ရာမ (၂) အဝေးပြေးလမ်းမကြီးပေါ်က မိုးပျံလမ်းဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ကွန်ကရစ်တိုင်ပြိုကျခဲ့ရာ လူ (၆) ဉီး သေဆုံးပြီး (၈) ဉီး ဒဏ်ရာရရှိခဲ့ပါတယ်။

ကနဉီးမှာ ဆောက်လုပ်ရေးလုပ်သား (၄) ဉီး သေဆုံးခဲ့ပြီ (၁၀) ဉီး ဒဏ်ရာရရှိခဲ့ပေမယ့် သေဆုံး သူဉီးရေဟာ (၆) ဉီးအထိ တိုးလာခဲ့တာပါ။

သေဆံးသူတွေထဲမှာ ထိုင်းနိုင်ငံသားနှစ်ယောက်နဲ့ မြန်မာနိုင်ငံသား (၄) ဉီး ပါဝင်ပြီး ရှစ်ဉီး ဒဏ် ရာရရှိခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရရှိသူတွေကို လက်ရှိ ဆေးရုံမှာ ကုသပေးနေပါတယ်။

အပျက်အစီးတွေကို ဖယ်ရှားဖို့ ကွန်ကရစ်တိုင်ပြိုကျရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရွေ့လျား ကရိန်း (၃) ခု ပို့ဆောင်ခဲ့ပါတယ်။

အင်ဂျင်နီယာတွေနဲ့ ရဲတပ်ဖွဲ့က ကွန်ကရစ်တိုင်ပြိုကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေ ပြီး အာဏာပိုင်တွေကတော့ မနိုင်ဝန်ကြောင့် ကွန်ကရစ်တိုင်ပြိုကျတာလို့ ယူဆပါတယ်။

ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာက ဖြစ်စဉ်အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရ တယ်လို့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ထိုင်းအစိုးရက ကော်မတီတစ်ရပ် ဖွဲ့စည်းမယ်လို့ ပြောပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုတွေဟာ လျော်ကြေး ဘတ် ၈၆၀၀၀၀ စီ ရရှိမှာဖြစ်ပြီး ဒဏ်ရာရရှိသူ တွေကို ဆေးကုသပေးမှာဖြစ်ကာ အလုပ်ရှင်ကုမ္ပဏီက လျော်ကြေးပေးလိမ့်မယ်လို့ စမွတ်စခွန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Fatal crane collapse on Rama II Road

#Ayeyarwaddy_Times