ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၉ ရက်
စင်ကာပူအလုပ်ရှင်ရဲ့ ညွှန်ကြားချက်တွေအရ အိမ်မွေးခွေးတစ်ကောင်ကို အသေရိုက်သတ်ခဲ့တဲ့ မြန်မာနိုင်ငံသူ အိမ်အကူတစ်ဉီးကို ထောင်ဒဏ် (၉) လ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
အသက် (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသူ Junny Lal Awn Pui ဆိုသူဟာ တိရစ္ဆာန်ကို နှိပ်စပ်ညှင်း ပန်းခဲ့တယ်လို့ တွေ့ရှိခဲ့လို့ အပြစ်ရှိကြောင်း တွေ့ရှိလို့ ထောင်ဒဏ်ချမှတ်ခဲ့တာပါ။
Boyboy လို့ အမည်ပေးထားတဲ့ အိမ်မွေးခွေးထီးတစ်ကောင်ကို Junny က ရိုက်နှက်နေတဲ့ရုပ်သံ ဖိုင်ကို Voice for Animals ဉက္ကဌ ဒါရက်တန်က ဒီနှစ်အစောပိုင်းမှာ လူမှုကွန်ရက် Facebook မှာ တင်ခဲ့ တာပါ။
ခွေးကို မြေပြင်ပေါ်ချည်နှောင်ထားပြီး Junny က ခွေးကို သံချောင်းတစ်ချောင်းနဲ့ ရိုက်နှက်ခဲ့တာ ကို ရုပ်သံဖိုင်ထဲမှာ မြင်တွေ့နိုင်ပါတယ်။
အသက် (၃၇) နှစ်အရွယ် Heng ဆိုသူ အလုပ်ရှင်ရဲ့ ညွှန်ကြားချက်တွေကြောင့် Junny က အဆို ပါအိမ်မွေးခွေးကို ရိုက်သတ်ခဲ့တာလို့ တရားရုံးမှတ်တမ်းတွေက ဖော်ပြပါတယ်။
Boyboy ကို သူ့ရဲ့ အခြားခွေးနှစ်ကောင်နဲ့ သီးခြားစီခွဲထားဖို့နဲ့ ဆိုးသွမ်းလာရင် ရိုက်နှက်ဖို့ Heng က Junny ကို ညွှန်ကြားခဲ့ပါတယ်။
ဇန်နဝါရီလ ၂၂ ရက်မှာ Junny က Boyboy ကို မြေပြင်ပေါ်ချည်နှောင်ကာ ဉီးခေါင်းကို သံ ချောင်းလို အရာဝတ္ထုတစ်ခုနဲ့ ရိုက်နှက်ခဲ့တာကို ရုပ်သံဖိုင်မှာ တွေ့ရှိခဲ့ပါတယ်။
Heng က Junny ကို ခွေးကို စစ်ဆေးကြည့်ဖို့ ပြောကြားခဲ့ရာမှာ အဆိုပါခွေးလေး သေဆုံးသွား တာကို သူတို့က တွေ့ရှိခဲ့တာပါ။ ခွေးလေး Boyboy ဟာ Junny ရဲ့ အကြိမ်ကြိမ် ရိုက်နှက်မှုကြောင့် သေ ဆုံးခဲ့ရတာလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
စင်ကာပူမှာ တိရိစ္ဆာန်တွေကို နှိပ်စက်ညှင်းပန်းတာဟာ ရာဇဝတ်မှုတစ်ခုဖြစ်ပါတယ်။ တိရစ္ဆာန် ကို စွန့်ပစ်တာအပါအဝင် တိရိစ္ဆာန်တွေကို နှိပ်စက်ညှင်းပန်းတဲ့ ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ထောင်ဒဏ် (၁၈) လနဲ့ ငွေဒဏ် စင်ကာပူဒေါ်လာ ၁၅၀၀၀ အထိ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
ကိုးကား – VN Express
Ref; Myanmar woman in Singapore jailed for beating dog to death per employer’s instructions
#Ayeyarwaddy_Times