ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၉ ရက်
ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက ပြည်ပခရီးစဉ်တစ်ခု စတင်တော့မယ့်အချိန်မှာ ထိုင်ဝမ်လွတ် လပ်ရေး ကြိုးပမ်းမှုမှန်သမျှကို ပြတ်ပြတ်သားသား ချေမှုန်းမယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။
ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီး အစိတအပိုင်းတစ်ခုလို့ ပေကျင်းက ဆိုထားပြီး အခြားတိုင်းပြည် တွေနဲ့ ထိုင်ဝမ်ကြား တရားဝင် ဆက်ဆံမှုမှန်သမျှကို ကန့်ကွက်ပါတယ်။
လိုင်ချင်တေးရဲ့ ပစိဖိတ်ခရီးစဉ်ကြောင့် တရုတ်စစ်တပ်က တန်ပြန်အစီအမံတွေ လုပ်ဆောင်ခြင်း ရှိ မရှိ မေးမြန်းရာမှာ “ထိုင်ဝမ်နဲ့ တရားဝင် ဆက်ဆံမှုမှန်သမျှကို ကျွန်တော်တို့ အပြင်းအထန် ကန့်ကွက် ပါတယ်” လို့ တရုတ်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝူကျင်းက သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။
“တရုတ်စစ်တပ်က အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိပြီး ထိုင်ဝမ်လွတ် လပ်ရေး ကြိုးပမ်းမှုမှန်သမျှကို ပြတ်သားစွာ ချေမှုန်းသွားမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ပစိဖိတ်ဒေသ (၃) နိုင်ငံခရီးစဉ်အတွင်း ထိုင်ဝမ်သမ္မတ လိုင်ချင်တေးဟာ ဟာဝိုင်အီနဲ့ အမေရိ ကန်ပိုင်နက် ဂူအမ်ကျွန်းမှာ ခရီးတစ်ထောက်နားမယ်လို့ ထိုင်ဝမ်သမ္မတရုံးက ပြောပါတယ်။
လိုင်ချင်တေးဟာ ထိုင်ဝမ်ရဲ့ ကျန်ရှိသော မဟာမိတ် (၁၂) နိုင်ငံအနက် ပစိဖိတ်ကျွန်းစုတွေဖြစ်တဲ့ မာရှယ်လ်ကျွန်းစု၊ တူဗာလူနဲ့ ပလောနိုင်ငံတွေကို သွားရောက်ဖို့ စနေနေ့မှာ ထွက်ခွာမှာဖြစ်ပါတယ်။
ထိုင်ဝမ်ကို စစ်အင်အားအသုံးပြုပြီး သိမ်းပိုက်မယ်လို့ တရုတ်နိုင်ငံက ဆိုထားပြီး မကြာသေးမီ နှစ်တွေအတွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။
ကိုးကား – The Economic Times
Ref; China vows to ‘resolutely crush’ Taiwan independence attempts
#Ayeyarwaddy_Times