ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၉ ရက်

လက်ရှိဘဏ္ဍာနှစ်မကုန်ခင်တွင် ပို့ကုန်တန်ဖိုးမှာ သွင်းကုန်တန်ဖိုးထက် ပိုကုန်သွယ်မှုတန်ဖိုးအရ ပိုငွေ (Trade Surplus) ရရှိကြောင်း စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး ပြောကြားထားပြီး ယခုနှစ်မှစတင်သော မြန်မာ – ထိုင်း ရေလမ်းကြောင်းကုန်သွယ်မှုမှ ငါးလအတွင်း ဒေါ်လာ ၅၉ ဒသမ ၉၉၆ သန်း တင်ပို့နိုင်ကြာင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

ပို့ကုန်ရငွေပိုသော်လည်း CMP ကဏ္ဍတွင် ကာလတူနှိုင်းယှဉ်ပါက လျော့နည်းသွားသည့်အတွက် ပို့ကုန်ပိုမိုဆောင်ရွက်နိုင်ရန်၊ CMP ကုန်ကြမ်းပစ္စည်းများ တင်သွင်းခြင်း၊ လုပ်ငန်းသုံးစက်ပစ္စည်းများနှင့် စက်အပိုပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူစေရန် လုပ်ဆောင်ခဲ့ကြာင်း ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့ ခြင်းဖြစ်သည်။

စစ်ကောင်စီသည် စားအုန်းဆီနှင့် စက်သုံးဆီတို့ကိုသာ အဓိကတင်သွင်းကာ ဆေးဝါး၊ အသုံးအဆောင်နှင့် ကုန်ပစ္စည်းတင်သွင်းမှုများကိုပိတ်ပင်ထားကာ ပို့ကုန်ရငွေပိုရကြောင်းကို ပြောကြားလျက်ရှိသည်။

မြန်မာ – ထိုင်းနယ်စပ်ရကြောင်းကုန်သွယ်ရး (ရန်ကုန် – ကော့သောင်း – ရနောင်း) နှင့် (ရနောင်း-ကော့သောင်း-ရန်ကုန်) မှ ကွန်တိန်နာ စနစ်ဖြင့် တင်ပို့/တင်သွင်းရာတွင် ၂၀၂၄ ခုနှစ် ဇွန်လမှ အောက်တိုဘာလအထိ ကုန်သွယ်မှု တန်ဖိုးအမေရိကန်ဒေါ်လာ ၅၉ ဒသမ ၉၉၆ သန်း တင်ပို့နိုင်ခဲ့ကြောင်းစစ်ကာင်စီက ဖော်ပြထားသည်။

စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့တွင် တနင်္သာရီတိုင်း၊ထားဝယ်လေဆိပ်၊ မြိတ်လေဆိပ်၊ ဘုတ်ပြင်းလေဆိပ်နှင့် ကော့သောင်းလေဆိပ်တို့ကို သွားရာက်ခဲ့သည်။

ပို့ကုန်ရငွေဝင်ရောက်ရန်အတွက် အဆက်အသွယ်မရသည့် ကုမ္ပဏီများနှင့် ဝန်ခံကတိပြုထားပြီး ပေးသွင်းရန် ပျက်ကွက်နေသည့် ကုမ္ပဏီများကို သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း အဆင့်ဆင့် အရေးယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဆိုသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက စက်သုံးဆီပြည်တွင်း ဖူလုံမှုရှိစေရန် ဒီဇယ်၊ ဓာတ်ဆီ စုစုပေါင်းတန်ချိန် ၄၃၂၆၇၅ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၃၃၇ ဒသမ ၆၃ သန်း တင်သွင်းခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ – ‌ဧရာဝတီတိုင်းမ်
#ပို့ကုန်ရငွေပို #ဗိုလ်ချုပ်ကြီးမြထွန်းဦး #မြန်မာထိုင်းရေလမ်းကြောင်းကုန်သွယ်ရေး #Ayeyarwaddy_Times