ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်
မြန်မာစစ်တပ်အကြီးအကဲ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇ ဝတ်ခုံရုံး (ICC) ရှေ့နေ ကာရင်ခန်းရဲ့ လျှောက်ထားမှုကို Burma Campaign UK က ကြိုဆိုလိုက်ပါ တယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် လူသားမဆန်သော ရာဇဝတ် မှုတွေကြောင့် မင်းအောင်လှိုင်မှာ တာဝန်ရှိတယ်လို့ ယုံကြည်ရတဲ့ ကျိုးကြောင်းဆီလျော်သော အ ကြောင်းတရားတွေရှိတယ်လို့ ကာရင်ခန်းက ပြောပါတယ်။
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်မှာ စတင်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန် တဲ့ ရာဇဝတ်မှုတွေကြောင့် ရိုဟင်ဂျာ ၈၀၀၀၀၀ ဝန်းကျင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ပါတယ်။
မြန်မာနိုင်ငံက ICC အဖွဲ့ဝင်မဟုတ်ပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ICC အဖွဲ့ဝင်ဖြစ်လို့ နိုင်ငံ တွင်းမှာဖြစ်ပျက်ခဲ့တဲ့ ရာဇဝတ်မှုအတွက် တရားစီရင်ပိုင်ခွင့်ရှိပါတယ်။
မြန်မာစစ်တပ်က တိုင်းပြည်တစ်ဝှမ်း ကျူးလွန်နေတဲ့ နိုင်ငံတကာဉပဒေ ချိုးဖောက်မှုတွေကို ICC က စုံစမ်းစစ်ဆေးမှုမပြုလုပ်ပါဘူး။
ICC မှ တရားသူကြီးတွေက အထောက်အထားတွေကို စစ်ဆေးကာ မင်းအောင်လှိုင်အတွက် နိုင် ငံတကာဖမ်းဝရမ်း ထုတ် မထုတ် ဆုံးဖြတ်မှာဖြစ်ပါတယ်။
“မြန်မာစစ်တပ်ဟာ အကျိုးဆက်တွေ ရင်မဆိုင်ရဘဲ အပြည်ပြည်ဆိုင်ရာဉပဒေကို ချိုးဖောက်နေ တာ ဆယ်စုနှစ်ချီကြာမြင့်ပါပြီ။ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားမှုက မြန်မာစစ် တပ်အတွင်း ဂယက်ရိုက်ခတ်မှုတွေဖြစ်ပြီး မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ ပြစ်ဒဏ်မှသက်ညှာခွင့်ရနေတာ ဟာ နောက်ဆုံးမှာ လျှော့ပါးသွားဖို့ မျှော်လင့်ပါတယ်” လို့ Burma Campaign UK ရဲ့ အမှုဆောင်ဒါရိုက် တာ အန်နာရောဘတ်က ပြောပါတယ်။
ကိုးကား – Burma Campaign UK
Ref; Burma Campaign UK Welcomes ICC Application for Min Aung Hlaing Arrest Warrant
#Ayeyarwaddy_Times