ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်
ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်၊ရေလယ်သောင်ကျေးရွာအောက်စုတွင် နို၀င်ဘာလအတွင်း ဧရာ၀တီမြစ်ရေတိုက်စားကာ ကမ်းပါးပြိုကျမှုများဆက်တိုက် ဖြစ်ပေါ်လာသောကြောင့်နေအိမ်များ ပျက်စီးမည်ကို ဒေသခံများစိုးရိမ်နေကြောင်း သိရှိရသည်။
နို၀င်ဘာဒုတိယပတ်မှစတင်ကာ မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများဆက်တိုက်ဖြစ်ပေါ်လာသောကြောင့် နေအိမ်အချို့ရွှေ့ပြောင်းရသည့်အပြင် စိုက်ခင်းအချို့ ဆုံးရူံးခဲ့ကြောင်း သိရှိရသည်။
” ဆက်တိုက်ပြိုကျနေတာ ငရုတ်စိုက်ခင်းနဲ့ကွမ်းခြံနေရာတွေလဲပါသွားပြီ။ လူနေအိမ်တွေ (၁၇)လုံးရွှေ့လိုက်ရတယ်။ အဲ့ရွှေ့တဲ့နေရာ တွေလဲကမ်းပြိုတဲ့အထဲပါသွားပြီ ဆက်ပြိုမှာစိုးရိမ်နေရတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
လက်ရှိတွင် ပြောင်းရွှေ့ထားသောနေအိမ်(၁၇)လုံးရှိ မိသားစုများသည် ယာယီတဲထိုးကာနေထိုင်နေကြရပြီး နောက်ထပ်နေအိမ်(၃၀)ခန့်ရှိသောနေရာသို့ ရောက်ရန်ပေအနည်းငယ်သာလိုသောကြောင့် ထပ်မံရွှေ့ပြောင်းရန် ပြင်ဆင်နေရကြောင်း သိရသည်။
အဆိုပါကမ်းပြိုသည့် ကိစ္စနှင့်ပါတ်သတ်ပြီး စိုက်ခင်းများထိခိုက်မှုအခြေအနေများနှင့် နေအိမ်များဖျက်ရွှေ့ထားရသည့်အချက်အလက်များကို မြို့နယ်စစ်ကောင်စီသို့ တင်ပြထားသော်လည်း ယနေ့အချိန်ထိ လာရောက်ကြည့်ရူပေးခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။
#င်္ဟသာတမြို့ #ဧရာ၀တီမြစ်ရေတိုက်စား #ကမ်းပြိုကျမှုများ #ဒေသခံများစိုးရိမ် #ရေလယ်သောင်ကျေးရွာ
#Ayeyarwaddy_Times