ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်

အစိုးရအဖွဲ့သစ်မှာခန့်အပ်ဖို့ ရွေးချယ်ခံထားရသူတွေဟာ အကြမ်းဖက်တိုက်ခိုက်ခံရမယ်လို့ ခြိမ်း ခြောက်ခံနေရတယ်လို့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့က ပြောပါတယ်။

ပစ်မှတ်ထား ခြိမ်းခြောက်ခံရသူတွေ ဘေးကင်းလုံခြုံစေဖို့ တရားဉပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ အာဏာပိုင်တွေက မြန်မြန်ဆန်ဆန် လုပ်ဆောင်ခဲ့တယ်လို့ အသွင်ကူးပြောင်းရေးအဖွဲ့က ဆိုပါတယ်။

နေအိမ်တွေကို ဗုံးခွဲတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်မှုတွေရှိခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က လယ်ယာ စိုက်ပျိုးရေးဝန်ကြီးအဖြစ် ရွေးချယ်ထားသူ ဘရွတ်ခ်ရိုလင်းနဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ကြီးအဖြစ် ရွေးချယ်ခံထားရသူ အီလက်စ်စတီဖာနက်ခ်က လူမှုကွန်ရက်မှာ ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်ဖို့ ခြိမ်းခြောက်မှုတွေနဲ့ အကျပ်ကိုင်မှုဖြစ်စဉ်တွေကို သတိထားမိတယ်လို့ ဖက်ဒ ရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က နိုဝင်ဘာလ ၂၇ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။

“ဖြစ်နိုင်ဖွယ်ရာ ခြိမ်းခြောက်မှုတွေအားလုံးကို အသေအချာ စုံစမ်းစစ်ဆေးနေပြီး ပြည် သူတွေက သံသယဖြစ်ဖွယ်ရာတွေကို တရားဉပဒေစိုးမိုးရေးအဖွဲ့တွေထံ ချက်ချင်း သတင်းပို့ကြဖို့ တိုက်တွန်းပါ တယ်” လို့ FBI က ပြောပါတယ်။

တိုင်းပြည်ညီညွတ်ရေး အလေးထား လုပ်ဆောင်နေပြီး အန္တရာယ်ရှိသော ခြိမ်းခြောက်အကြပ် ကိုင်မှုနဲ့ အကြမ်းဖက်မှုတွေ မိမိတို့ကို ဟန့်တားနိုင်မှာမဟုတ်ဖူးလို့ အသွင်ကူးပြောင်းရေးအဖွဲ့က ပြောပါ တယ်။

ကိုးကား – NHK
Ref; Trump transition team: Cabinet picks targeted with bomb threats, ‘swatting’

#Ayeyarwaddy_Times