ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်

ထိုင်ဝမ်သမ္မတ လိုင်ချင်တေးရဲ့ လာမယ့် ပစိဖိတ်ဒေသခရီးစဉ်နဲ့ အမေရိကန်နိုင်ငံမှာ ခရီးတစ် ထောက်နားမယ့် အစီအစဉ်ကို ယိုးမယ်ဖွဲ့ကာ တရုတ်နိုင်ငံက လာမယ့်ရက်ပိုင်းအတွင်း ထိုင်ဝမ်ကျွန်းအ နီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖွယ်ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

စနေနေ့မှာစတင်ပြီး ဒီဇင်ဘာလ ၆ ရက်မှာ ပြီးဆုံးမယ့် ထိုင်ဝမ်သမ္မတ လိုင်ချင်တေးရဲ့ ခရီးစဉ် ရက်ဝန်းကျင်မှာ တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နိုင်တယ်လို့ ရိုက်တာသတင်းက ဆိုပါ တယ်။

လိုင်ချင်တေးဟာ ဟာဝိုင်အီနဲ့ အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းမှာ ခရီးတစ်ထောက်နားဖို့ စီစဉ် နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းက ပြောပါတယ်။

တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းနဲ့နီးကပ်တဲ့ တောင်တရုတ်ပင်လယ် သို့မဟုတ် အရှေ့တရုတ်ပင် လယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လာနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအနီး ရေတပ်နဲ့ လေတပ်ဆိုင်ရာလေ့ကျင့်မှုတွေ ပါဝင်တဲ့ ပုံမှန် ကင်းလှည့်မှုတွေ ပိုမိုပြုလုပ်လာနိုင်တယ်လို့လည်း သတင်းက ဖော်ပြပါတယ်။

ရန်လိုသော ခြိမ်းခြောက်မှုတွေိကို ရင်ဆိုင်နိုင်ရေး ငြိမ်းချမ်းရေးကို အင်အားနဲ့ ခုခံကာကွယ်ဖို့ အ ပြည့်အဝ ပြင်ဆင်နေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်နိုင်ငံက ခွဲထွက်ရေးသမားလို့ သတ်မှတ်ထားတဲ့ ထိုင်ဝမ်သမ္မတ လိုင်ချင်တေးအပေါ် ဖိ အားပေးမှု တိုးမြှင့်လျက်ရှိပါတယ်။

တရုတ်နိုင်ငံဟာ ယခုနှစ်အတွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုနှစ်ခု ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ပထမအကြိမ် စစ်ရေးလေ့ကျင့်မှုမှာ လိုင်ချင်တေး သမ္မတဖြစ်ပြီး မေလအတွင်းနဲ့ ဒုတိယအ ကြိမ်ကို အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကိုးကား – NHK
Ref; Reuters: China likely to launch military drills in coming days near Taiwan

#Ayeyarwaddy_Times