
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်
ယခုမှစ၍ ကချင် အထူးဒေသ (၁) ဆိုသည့် သတ်မှတ်ချက် မရှိတော့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီမှ ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ ရက်စဲွဲဖြင့် ထုတ်ပြန်သည်။
ယခင် စစ်အာဏာရှင်အစိုးရများမှ ၎င်းတို့အာဏာခိုင်မြဲစေရန်အတွက် ကချင် အထူးဒေသ (၁) ဟူ၍ ခွဲခြားသတ်မှတ်အုပ်ချုပ်ခဲ့သောကြောင့် ကချင်လူမျိုးများ ၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကချင်လူမျိုးများသာမက ကချင်ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများ စိတ်ဝမ်းကွဲမှု မရှိဘဲ အတူ တကွတန်းတူနေထိုင်ရေးအတွက် ကချင်အထူးဒေသ (၁) ဟု ခွဲခြားသတ်မှတ်ထားသော နယ်မြေများကို တပေါင်းတစည်းတည်းဖြစ်ရန် အရယူခဲ့ရခြင်းဖြစ် သည်ဟုဆိုသည်။
ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေးများ ဆုံးရှုံးထိ ခိုက်မှုမဖြစ်စေဘဲ လူသားချင်းစာနာ ထောက်ထားမှုအခြေခံသည့်မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ပြန်လည်ကြိုးစား တည်ဆောက်သွားမည် ဟု KIO က ထုတ်ပြန်ထားသည်။
ထို့ကြောင့် ယခင်ကချင် အထူးဒေသ(၁)အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သည့် ဋ္ဌာနေပြည်သူများ၊ ရင်းနှီးမြှုပ်နှံသူများအားလုံး စိုးရိမ်စိတ်မထားဘဲ KIO နှင့် ပူးပေါင်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွတည် ဆောက်သွားကြပါရန် ဖိတ်ခေါ်ထားသည်။
ဓာတ်ပုံ -KNG (ပုံဟောင်း)
#ကချင် #အထူးဒေသ ၁ #ပြောင်းလဲ #KIO #ထုတ်ပြန်ချက် #Ayeyarwaddy_Times