ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်

ရန်ကုန်မြို့အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်းရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ၌ကျင်းပသော မြန်မာ – ဗီယက်နမ်ကုန်စည်ပြပွဲတွင် လူသုံးကုန်ပစ္စည်းနည်းပါးကြောင်းသိရသည်။

အဆိုပါကုန်စည်ပြပွဲကိုသုံးရက်တာပြသပြီး ‌ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့က နောက်ဆုံးရက်ဖြစ်သည်။

ယင်းပြပွဲတွင်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းပြခန်း၊အခြားလုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများအပါအဝင်အဝတ်အစားနှင့် မုန့်အရောင်းပြခန်းမများရှိကြောင်း ပွဲရောက်ရှိသူတစ်ဦးထံမှ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ ပဲ၊ ပြောင်းနှမ်းကုန်သည်အသင်း၏ ပဲပြခန်းနှင့် မြန်မာ့ထုတ်ကုန် ချည်ထည်များ၊ ကောာ်ဖီ၊ မြန်မာ့တိုင်းရင်းဆေးနှင့် ‌အချိုရည်ထုတ်ကုန်များပါဝင်သည်။

ယင်းပြင် ဗီယက်နမ်နည်းပညာဖြင့် မြန်မာနိုင်ငံတွင်ထုတ်လုပ်သော ရေတိုင်ကီ၊ ရေသန့်စက်နှင့် ရေဆေးဘေစင်များအပါအဝင် ဆိုလာပြားများပြသထားကြောင်းသိရသည်။

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကုန်ပစ္စည်းများကို ပြခန်းပေါင်း ၁၂၀ ခန့်ဖြင့် ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါင်း ၉၇ ကို ပြသထားကြောင်း စစ်ကောင်စီဖော်ပြထားသည်။

ဓာတ်ပုံ – ‌ဧရာဝတီတိုင်းမ်
#မြန်မာဗီယက်နမ်ကုန်စည်ပြပွဲ #ရန်ကုန် #လူသုံးကုန်ပစ္စည်းနည်းပါး #Ayeyarwaddy_Times