
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ ခမရ ၃၄၆နှင့် ခမရ ၅၄၄တို့အပြင် စကခ ၅အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချ အလံဖြူထောင်ခဲ့ပြီး ကျန်သည့် တပ်ဖွဲ့ဝင်အချို့မှာ စကခ ၅အတွင်းပူးပေါင်း၍ ပြန်လည် တိုက်ခိုက်နေကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာ ၂၇ရက်နေ့တွင် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အတွင်းမှနေ၍ ကျန်ရှိသည့် တပ်ဖွဲ့ဝင်များက အာရက္ခတပ်တော် AAနှင့် ဆက်လက် တိုက်ပွဲဖြစ်နေကြောင်း သိရသည်။
“လက်နက်မချတဲ့အဖွဲ့တွေ ပူးပေါင်းတိုက်နေတာပါ။ စကခ၅ထဲပေါင်းတိုက်နေတာ။ လူအင်အားကတော့ အတော်နည်းနေပါပြီ။ စစ်တပ်က အသေခံတိုက်မယ့်အလားအလာမရှိပါဘူး” ဟု တောင်ကုတ်ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယနေ့မနက်ပိုင်းတွင် စကခ ၅လက်အောက်ခံ ခမရ ၃၄၆နှင့် ခမရ ၅၄၄အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AAထံ အလံဖြူထောင် လက်နက်ချခဲ့ကြပြီး စကခ ၅မှ တပ်ဖွဲ့ဝင်အချို့လည်း အညံ့ခံခဲ့ကြောင်း သိရသည်။
လက်နက်မချသည့် တပ်ဖွဲ့ဝင်အချို့မှာ စကခ ၅အတွင်း ပူးပေါင်းပြီး ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဂွမြို့၊ မောင်တောမြို့၊ အမ်းနှင့် တောင်ကုတ်မြို့နယ်တို့ရှိ စစ်ကောင်စီ တပ်စခန်းများကို AAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တပ်စခန်းအများစုကို သိမ်းပိုက်ထားကာ ယနေ့တွင် တောင်ကုတ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။
ပုံစာ- ပုံဟောင်း
#တောင်ကုတ် #စကခ၅ #တိုက်ပွဲဆက်ဖြစ် #စစ်ကောင်စီ #AA #Ayeyarwaddy_Times