ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်

ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ကြား တိုက်ရိုက် ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့က ဆွေးနွေး နေပေမယ့် ဒေါ်နယ်ထရမ့်က အပြီးသတ်ဆုံးဖြတ်ချက် မချမှတ်ရသေးဘူးလို့ သိရပါတယ်။

အမေရိကန်နိုင်ငံရဲ့ ကနဉီးရည်မှန်းချက်မှာ မြောက်ကိုရီးယားနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဖို့ဖြစ် တယ်လို့ ရိုက်တာသတင်းဌာနက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြပါတယ်။

သို့သော်လည်း ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအန်ကြား တွေ့ဆုံဖို့ တိကျသောအချိန် မသတ်မှတ်ရ သေးဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အရှေ့အလယ်ပိုင်းဒေသတင်းမာမှုနဲ့ ယူကရိန်းအရေးလိုမျိုး နိုင်ငံခြားရေးရာမူဝါဒကိစ္စရပ်တွေ ထက် မြောက်ကိုရီးယားနဲ့ ထိတွေ့ဆက်ဆံမှုကို ဒေါ်နယ်ထရမ့်က ဉီးစားပေးလာနိုင်တယ်လို့ သတင်း တွေက ဖော်ပြပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့သမ္မတသက်တမ်းအတွင်း ကင်ဂျုံအန်နဲ့ (၃) ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ ပါပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေး ကြိုးပမ်းနိုင်ဖို့ သူက မျှော်လင့်နေပါတယ်။

၂၀၁၈ ခုနှစ်က စင်ကာပူမှာ ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအန်ကြား တွေ့ဆုံမှုဟာ ပထမဆုံးသော အ မေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးမှုဖြစ်ခဲ့ပါတယ်။

အမေရိကန်နဲ့မြောက်ကိုရီးယားကြား သဘောထားကွဲလွဲမှုတွေ မဖြေရှင်းနိုင်ခဲ့သလို နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာခြင်းမရှိပါဘူး။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိဟောင်း အဲလက်ဝေါင်ဟာ သူ့ရဲ့အစိုးရသစ်မှာ ဒုတိယ အမျိုး သားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဖြစ်လာလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ ပြောကြားခဲ့ပါ တယ်။

ရွေးကောက်ခံ သမ္မတသစ်ကို ဇန်နဝါရီလအတွင်း ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်တယ်လို့ ကင်ဂျုံအန် နဲ့ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ဖို့ စေ့စပ်ညှိနှိုင်းခဲ့တဲ့ အဲလက်ဝေါင်က ပြောပါတယ်။

ကိုးကား – NHK
Ref; Reuters: Trump’s team discussing possible summit with Kim Jong Un

#Ayeyarwaddy_Times