ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတစ်ခုမှာ အဓမ္မ ခိုင်းစေခံနေရတဲ့ နိုင်ငံခြားသား (၃၉) ဦးကို ထိုင်း အာဏာပိုင်တွေက တနင်္လာနေ့မနက်ပိုင်း နယ်စပ်ကင်းလှည့်မှုတစ်ခုအတွင်း ကယ်တင်ခဲ့တယ်လို့ သိရပါ တယ်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ အပါအဝင် အစိုးရဌာနအသီးသီးမှ အာဏာပိုင်တွေဟာ မဲဆောက်ခရိုင်ရှိ ထိုင်း-မြန်မာနယ်စပ်ဧရိယာတစ်ခုမှာ ကင်းလှည့်နေစဉ် ကျေးရွာတစ်ခုအနီးမှာ နိုင်ငံခြားသားတွေကို တွေ့ရှိခဲ့တာပါ။

၎င်းတို့အနက် (၃၂) ဦးမှာ သီရိလင်္ကာနိုင်ငံမှဖြစ်ပြီး (၅) ဦးမှာ နီပေါမှဖြစ်ကာ မလေးရှားနဲ့ရုရှားမှ တစ်ဉီးစီဖြစ်ပါတယ်။

မဲဆောက်မြို့ရဲ့ ဆန့်ကျင်ဘက်ရှိ မြန်မာနယ်စပ်မြို့ မြဝတီမြို့ရှိ စီမံကိန်းတစ်ခုမှာ အလုပ်လုပ် ကိုင်ဖို့ ထိုင်းနိုင်ငံမှ နယ်စပ်ဘက်ကို ကူးလာခဲ့တာလို့ နိုင်ငံခြားသားတွေက ပြောပါတယ်။

၎င်းတို့မှာ တရုတ်နိုင်ငံသားတွေ လုပ်ကိုင်တဲ့ ကျားဖြန့်လုပ်ငန်းတစ်ခုမှာ အဓမ္မ ခိုင်းစေခံခဲ့ရပြီး အဆိုပါနေရမှထွက်ပြေးကာ သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခဲ့တာလို့ နိုင်ငံခြား သားတွေက ဆိုပါတယ်။

နိုင်ငံခြားသားအားလုံးက စားစရာတွေ စားသောက်အပြီးမှာ ကျားဖြန့်လုပ်ငန်းမှ ထွက်ပြေးခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်လည်ပြောပြခဲ့တယ်လို့ ထိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Foreigners flee Myanmar scam gang into Thailand’s Mae Sot

#Ayeyarwaddy_Times