ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

ယူကရိန်းမှာတိုက်ခိုက်ဖို့ စာရင်းသွင်းတဲ့ ကြည်းတပ်မှ တပ်သားသစ်တွေအတွက် ကြွေးမြီကင်း ခွင့်ပြုတဲ့ ဥပဒေတစ်ရပ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုဝင်ဘာလ ၂၃ ရက်မှာ လက်မှတ်ရေးထိုးခဲ့ တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁ ရက်မှစတင်ကာ အနည်းဆုံး (၁) နှစ် ယူကရိန်းမှာ တိုက်ခိုက်ဖို့ ကာကွယ်ရေးဝန် ကြီးဌာနနဲ့ သဘောတူညီချက်တွေ ရေးထိုးသူတိုင်းကို ဒေါ်လာ ၁၂၉၅၀၀ နဲ့ ညီမျှတဲ့ ရူဘယ် ၁၀ သန်းအ ထိ ကြွေးမြီကင်းလွတ်ခွင့်ပြုကြောင်း အဆိုပါဉပဒေက ပြဌာန်းထားပါတယ်။

ဒီဇင်ဘာလ ၁ ရက် မတိုင်မီ ကြွေးမြီတွေရှိကြောင်း မှတ်တမ်းရှိသူ တပ်သားသစ်အားလုံးအတွက် ယင်းဥပဒေက အကျုံးဝင်ပါတယ်။

ရုရှားနိုင်ငံဟာ ယူကရိန်းမှာ တိုက်ပွဲဝင်လိုသူတွေကို ချီးမြှင့်ငွေတွေပေးတာနဲ့ ပျှမ်းမျှလစာထက် အဆများစွာ ချီးမြှင့်တာတွေပြုလုပ်ပြီး စစ်အင်အားစုဆောင်းမှု တိုးမြှင့်လျက်ရှိပါတယ်။

ယခုနည်းဗျူဟာက ရုရှားစစ်တပ်ကို ပဋိပက္ခဧရိယာမှာ လူအင်အားတိုးလာစေမှာဖြစ်သလို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ပြည်သူတွေ အစုလိုက်အပြုံလိုက်ထွက်ခွာမှု ဖြစ်စေခဲ့တဲ့ နောက်တစ်ကြိမ် လူသစ်စုဆောင်းမှုကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ရုရှားပြည်သူတွေရဲ့ ကြွေးမြီပမာဏ တိုးလာတယ် လို့ ဗဟိုဘဏ်ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

ကိုးကား – Reuters
Ref; Putin signs law forgiving debt arrears for new Russian recruits for Ukraine war

#Ayeyarwaddy_Times