ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့နယ်ခွဲရှိ စစ်‌ကောင်စီတပ်သားများတပ်စွဲထားသည့် ရုံးဌာနလေးခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ငါ့သရောက်မြို့နယ်ခွဲရှိ လျှပ်စစ်ဌာန၊ ပြန်ကြားရေးဌာန၊ ဆောက်လုပ်ရေးဌာန၊ ဆက်သွယ်ရေးဌာနတို့ကို ပုဂံပြည်ဘီလူးတပ်နှင့် ညောင်ဦးခရိုင် တပ်ရင်း ၅ မဟာမိတ် ညီနောင်များမှ နိုဝင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း‌ ညောင်ဦးမြို့နယ် ပကဖတာဝန်ခံ ကိုဇီးထံမှ သိရသည်။

“တပ်စွဲထားတဲ့ ငါ့သရောက်နယ်မြေရဲစခန်းက ရဲတွေထွက်ပြေးတိမ်းရှောင်သွားလို့ ဌာနဆိုင်ရာအသီးသီးက စာရွက်စာတမ်းတွေကို မီးရှို့ခဲ့ပြီး စစ်ကောင်စီနေရာ ယူမယ့် နေရာတွေ၊ ခံစစ်

တည်ဆောက်ထားတဲ့ တိုက်တန်း၊ အိမ်ရာတွေကို ဖြိုဖျက်ခဲ့တယ်”ဟု ညောင်ဦးမြို့နယ် ပကဖတာဝန်ခံ ကိုဇီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါစစ်ဆင်ရေးကို ညောင်ဦးမြို့နယ်ပကဖ(ပုဂံပြည်ဘီလူးတပ်)၊ တောင်သာမြို့နယ်ပကဖ၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ မြင်းခြံ ခရိုင်တပ်ရင်း ၃၊ 21 Bagan (ညောင်ဦးမြို့နယ်ပကဖ တပ်ခွဲ ၃)၊ Popa Production & Guerrila Force(PPGF)၊ မြိုင်ပကဖတို့မှ ပူးပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

#မန္တလေး #ညောင်ဦး #ငါ့သရောက် #စစ်ကောင်စီ #ရုံးဌာန၄ခု #တော်လှန်ရေးတပ်ဖွဲ့ #စီးနင်းတိုက်ခိုက် #Ayeyarwaddy_Times