ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
မြန်မာနိုင်ငံမှာ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ပြည်တွင်းစစ်ကြောင့် ပိုမို ရှုပ်ထွေးစေခဲ့တဲ့ ရိုဟင် ဂျာအကျပ်အတည်းကို ဖြေရှင်းဖို့ သန်းခေါင်စာရင်း ကောက်ယူဖို့လိုအပ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေးအကြံပေးပုဂ္ဂိုလ် တူဟက်ဟူစိန်က ပြောပါတယ်။
“ရိုဟင်ဂျာမူဝါဒဆိုင်ရာ သန်းခေါင်စာရင်း မရှိခဲ့တာကြောင့် ကျွန်တော်တို့ ပြဿနာကိုဖြေရှင်းရာ မှာ အနည်းငယ်သာ အောင်မြင်ခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကလည်း ရိုဟင်ဂျာအရေးမှာ စည်းလုံးညီ ညွတ်ကြဖို့ တိုက်တွန်းပါတယ်” လို့ သူက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးဌာနမှာ တောင်အာရှ အုပ်ချုပ်ရေးမူဝါဒ အင် စတီကျု့က စီစဉ်ကျင်းပတဲ့ ရိုဟင်ဂျာရေးရာမူဝါဒ ဆွေးနွေးပွဲမှာ သူက အခုလို ပြောကြားတာပါ။
မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးမှာ စေ့စပ်ညှိနှိုင်းရမှာဖြစ်ပြီး စေ့စပ်ညှိနှိုင်းလိုတဲ့ဆန္ဒမရှိပါက အကျိုးဆက်တွေရှိလာမယ်ဆိုတာကို နားလည်ဖို့လိုအပ်တယ်လို့ ၎င်းက သတိပေးပါတယ်။
နေရပ်စွန့်ခွာ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသို့ အာမခံအခွင့်အရေး၊ ဘေးကင်းမှုနဲ့ နေရပ်ပြန်ရ မှာဖြစ်ကြောင်း၊ ရိုဟင်ဂျာအရေးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အရေးကြီးဆုံး နိုင်ငံတကာပြဿနာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ အခြေအနေ ဆိုးလာတယ်လို့ သူက ထောက်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အာရက္ခတပ်တော် (AA) လိုမျိုး အစိုးရမဟုတ်တဲ့အဖွဲ့အစည်းနဲ့ တိုက် ရိုက် ထိတွေ့ဆက်ဆံလို့မရသလို ရိုဟင်ဂျာပြဿနာကို ရခိုင်ပြည်နယ်မှာ အေအေရဲ့ထိန်းချုပ်မှုကို ထည့် သွင်းစဉ်းစားခြင်းမရှိဘဲ မဖြေရှင်းနိုင်ဘူးလို့ တူဟက်ဟူစိန်က ပြောပါတယ်။
“ရိုဟင်ဂျာအရေး အဖြေရှာရာမှာ အာရက္ခတပ်တော်ကို လျစ်လျူရှုတာ လက်တွေ့မကျပါဘူး” လို့ သူက ဆက်ပြောပါတယ်။
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာတစ် သန်းကို လက်ခံထားရပြီး ကုလသမဂ္ဂက မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ပြန်လက်ခံဖို့ သဘောတူခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာ ဘေးကင်း လုံခြုံမှုနဲ့ပတ်သက်လို့ ရိုဟင်ဂျာတွေက မယုံကြည်တာကြောင့် နေရပ်ပြန်ပို့ရေး ကြိုးပမ်းမှုတွေ မအောင် မြင်ခဲ့ပါဘူး။
ကိုးကား – BSS News
Ref; Touhid calls for national consensus to resolve Rohingya crisis
#Ayeyarwaddy_Times