
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
အမေရိကန်နိုင်ငံက အာရှတိုက်မှာ စိုးရိမ်စရာ အကျပ်အတည်းတစ်ရပ် ဖြစ်ပေါ်စေဖို့ ထိုင်ဝမ်ကို အသုံးချနေတယ်လို့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်ဒရေရူဒန်ကိုက ပြောကြားခဲ့ပြီး တရုတ်ရဲ့ ထိုင်ဝမ်အရေး ရပ်တည်ချက်ကို ထောက်ခံလိုက်ပါတယ်။
“အမေရိကန်နိုင်ငံဟာ သူကိုယ်တိုင် အသိအမှတ်ပြုထားတဲ့ ‘
‘တရုတ်တစ်နိုင်ငံတည်းမူဝါဒ’ ကို ချိုးဖောက်ပြီး ထိုင်ဝမ်နဲ့ စစ်ရေးနဲ့နိုင်ငံရေး ထိတွေ့ဆက်ဆံမှု တိုးမြှင့်နေသလို စစ်လက်နက်ထောက်ပံ့မှု ပိုမိုပြုလုပ်နေတာ ကျွန်တော်တို့ သိပါတယ်” လို့ ၎င်းက ပြောပါတယ်။
“ဒေသတွင်းမှာ အမေရိကန်နိုင်ငံရဲ့စွက်ဖက်မှု ရည်မှန်းချက်က တရုတ်နိုင်ငံကို ရန်စဖို့နဲ့ အတ္တ ဆန်တဲ့ အကျိုးစီးပွားအတွက် အာရှတိုက်မှာ အကျပ်အတည်းတစ်ရပ်ဖန်တီးဖို့ ဖြစ်ပါတယ်” လို့ သူက ဆို ပါတယ်။
တရုတ်က ထိုင်ဝမ်ကို လက်အောက်ခံပိုင်နက်အဖြစ် ရှုမြင်ပေမယ့် ထိုင်ဝမ်အစိုးရက ပယ်ချထား ပါတယ်။ တရားဝင် သံတမန်ရေး အသိအမှတ်ပြုမှု မရှိပေမယ့် အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်ရဲ့ အရေးပါ ဆုံး နိုင်ငံတကာထောက်ခံသူနဲ့ စစ်လက်နက်ထောက်ပံ့သူဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ စက်တင်ဘာလအတွင်း ထိုင်ဝမ်အတွက် စစ်ရေးအကူအညီ ဒေါ်လာ ၅၆၇ သန်းကို အတည်ပြုခဲ့ပါတယ်။ အာရှတိုက်ရဲ့အရေးတွေမှာ တရုတ်နိုင်ငံနဲ့အတူ ရပ်တည် တယ်လို့ ရုရှားနိုင်ငံက တုံ့ပြန်ခဲ့ပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းကျူးကျော်စစ် မစတင်မီ သမ္မတ ဗလာဒီမာပူတင်ရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော် ဝါရီလ ပေကျင်းခရီးစဉ်အတွင်း “အကန့်အသတ်မရှိတဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တယ်” လို့ တရုတ်နဲ့ရုရှား က ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ အင်အားကြီးပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်နဲ့ရုရှားကြား မိတ်ဖက်ဆောင်ရွက် မှုမှာ ခေတ်သစ်ရောက်ပြီလို့ ယခုနှစ် မေလအတွင်း ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါ တယ်။
ကိုးကား – Reuters
Ref; US using Taiwan to stir crisis in Asia: Russia
#Ayeyarwaddy_Times