ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်

ရှမ်းမြောက်၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာကို စစ်ကောင်စီမှ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်နေ့ ည ၇ နာရီ ၄၃ မိနစ်ဝန်း ကျင်ခန့်တွင် စစ်ကောင်စီက လားရှိုးမြို့ နမ့်ပေါင်ကို လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

“နမ့်ပေါင်ဘက်ကို ညက ဗုံးကြဲသွားတာ။ ထိခိုက်ပျက် စီးမှုတွေတော့ရှိတယ်။ လူထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး။ အဲဒီဘက်တွေက ဆက်သွယ်ရေးတွေဖြတ် ခံထားရတာ”ဟု လားရှိုးမြို့နေ အမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီထောက်ခံ ဝါဒဖြန့်ချန်နယ်များတွင်မူ စစ် ကောင်စီတပ်မှ လားရှိုးမြို့ အရှေ့ဘက် ၂၅ မိုင်အကွာတွင်ရှိသည့် နမ့်ပေါင်ကို လေကြောင်းမှ ဗုံးကြဲရှင်းလင်းခဲ့ကြောင်း ဖော်ပြထားသည်ကိုတွေ့ရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သို့ သွားရောက်ခဲ့ပြီးနောက် ရှမ်းမြောက်ရှိ ညီနောင်သုံးဖွဲ့သိမ်းပိုက်ထားသည့် မြို့များကို လေကြောင်းမှ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

ပုံစာ- လားရှိုးမြို့ နမ့်ပေါင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် YAK 130 ဂျက်ဖိုက်တာ

#ရှမ်းမြောက် #လားရှိုး #နမ့်ပေါင် #စစ်
ကောင်စီ #လေကြောင်း #ဗုံးကြဲတိုက်ခိုက်

#Ayeyarwaddy_Times