
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
တိုင်းနှင့်ပြည်နယ်တို့တွင် ယခုနှစ်ဆယ်လအတွင်း ယာဉ်တိုက်မှုကြာင့်သေဆုံးသူ နှစ်ထောင်နီးပါးရှိပြီး ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုမြင့်တက်လာကြောင်း စစ်ကောင်စီလက်အောက်ခံ ကုန်လမ်းပို့ဆာင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာအထိ တိုင်းနှင့်ပြည်နယ်အပါအဝင် ရန်ကုန် – မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှု ၃၂၃၄ ကြိမ်ဖြစ်ကာ ယာဉ်တိုက်မှုကြာင့် သေဆုံးသူ ၁၆၇၆ ဦးနှင့် ဒဏ်ရာရသူ ၄၇၀၆ ဦးရှိကြောင်း နိုဝင်ဘာတတိယအပတ်တွင် ယင်းဌာနက ထုတ်ပြန်သည်။
ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်စဉ်တိုးပွားလာပြီး ယခုနှစ်တွင် ၁၇၄ ကြိမ်နှင့် နှင့် ၂၀၂၃ ခုနှစ်အတွင်း ၁၃၇ ကြိမ်ဖြစ်ပွားကာ ၃၇ ကြိမ်ယာဉ်တိုက်ခိုက်မှုပိုမိုဖြစ်ပေါ်လာသည်။
” အခုကလမ်းမှာစစ်ဆးဂိတ်တွေနဲ့ စစ်တာခံရတော့အချိန်ကြာတယ်။ နောက်ညမထွက်ရနဲ့ အမိန့်တွေနဲ့ဆိုတော့ အဝေးပြေးကားတွေကို အရှိန်တင်မောင်းကြတယ်။ ဂိတ်အဝင်နောက်ကျမှာစိုးလို့။ အချို့ကားတွေဆိုလမ်းမှာနားဖို့မရပ်ဘူး။ မောင်းကြတာ။ အချိန်မမီမှာစိုးလို့။ ဘုရားတနေရတယ်” ဟု ခရီးသွားအမျိုးသမီးတစ်ဦးက ပြောကြားသည်။
ရန်ကုန် – မန္တလးအမြန်လမ်းမကြီးတွင် မော်တော်ယာဉ်အရှိန်မထိန်းနိုင်သည့် ယာဉ်တိုက်ခိုက်မှုဖြစ်စဉ်များကြောင်းသိရသည်။
ထို့ပြင် ရန်ကုန်တိုင်းတွင် ယာဉ်တိုက်မှု ၆၉၀ ကြိမ်အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းတွင် ၄၈၇ ကြိမ်၊ ပဲခူးတိုင်းတွင် ၄၃၇ ကြိမ်၊မန္တလေးတိုင်းတွင် ၄၂၁ ကြိမ်၊ရှမ်းပြည်တွင် ၂၇၄ ကြိမ်၊ မွန်တွင် ၂၂၉ ကြိမ်နှင့် မကွေးတိုင်း ၁၈၃ ကြိမ်ရှိကြောင်း သိသည်။
” နယ်တွေမှာဆိုင်ကယ်နဲ့ ကားတိုက်ခံရတာ၊ စက်ဘီးနဲ့ကားတိုက်ခံရတာတွေများတယ်။ နောက်ပြီးတာ့ အခုဆို သုံးဘီးယာဉ်တွေ တိုက်ခံရလို့ထိခိုက်တာများတယ်။ သွားတာ၊ လာတာ သတိထားရမယ်။ ဖြစ်ရင်မလွယ်ဘူး။ အသေပဲ ” ဟု သုံးဘီးဆိုင်ကယ်မာင်းသူတစ်ဦးက ပြောကြားသည်။
အဆိုပါယာဉ်တိုက်မှုများတွင် ဆိုင်ကယ်နှင့်မော်တယ်ယာဉ်တိုက်မှု၊ မော်တော်ယာဉ်အချင်းချင်း အရှိန်လွန်တိုက်မှုပိုများပြားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနစ်မှစတင်ကာ ယာဉ်တိုက်မှု၊ ဒဏ်ရာရမှုနှင့် သေဆုံးမှုများနှစ်အလိုက်လျော့နည်းကျဆင်းသွားသော်လည်း ၂၀၂၃ ခုနှစ်တွင် တစ်လချင်းအလိုက်မြင့်တက်လာကြောင်းသိရသည်။
ယာဉ်အန္တရာယ်ကင်းရှင်းရးအတွင် ဆိုင်ကယ်စီးဦးထုပ်ဆာင်းရန်၊ ယာဉ်မောင်းနစဉ်ဖုန်းမသုံးရန်၊ မူးယစ်သာက်စားပြီး ယာဉ်မမောင်းင်းရန်နှင့် သတ်မှတ်အမြန်နှုန်းထက်ပိုမမောင်းရန်ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – MSF
#ယာဉ်တိုက်မှုမြင့်တက် #သေဆုံးသူများ #ရန်ကုန်မန္တလေးအမြန်လမ်း #တိုင်းနှင့်ပြည်နယ်
#Ayeyarwaddy_Times