(ဓာတ်ပုံ - စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ပျူစောထီးများကို စစ်တပ်က သင်တန်းပေးနေသည့်ပုံဟောင်း ဖြစ်ပါသည်။)

ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး ကားလမ်းပေါ်တွင် ဓားပြတိုက်ရန် သွားလာနေသည့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများအား မုံရွာအခြေစိုက် PDF အဖွဲ့ ၄ ဖွဲ့မှ ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ယောက် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ပျူစောထီးများမှာ တောပုကျေးရွာမှဖြစ်ပြီး မုံရွာ – ရေဦးလမ်းမပေါ်တွင် ဓားပြတိုက်လေ့ရှိကြောင်း၊ ၎င်းတို့အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးမှာ နေရာတွင်ပင် သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် PDF များအနေဖြင့် အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း PDF South Monywa (V-2) အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို PDF-South Monywa (V2)၊ Monywa Ranger Group – Truth Army၊ Black Hunter People’s Task Force နှင့် Anyar Defence Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း PDF – South Monywa အဖွဲ့က ဆိုသည်။