ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၈ ရက်

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ ကြိုးပေးကွက်မျက်တာတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂ အကြီး တန်း တာဝန်ရှိသူတစ်ဦးဖြစ်သူ နိုလန်းဟေဇာက မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်ကို မနေ့က တိုက်တွန်း လိုက်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလန်းဟေဇာဟာ အင်္ဂါနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး မနေ့ က အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာ တွေက ဖော်ပြပါတယ်။

“ကျွန်မရဲ့ မြန်မာခရီးစဉ်က ကုလသမဂ္ဂရဲ့ စိုးရိမ်ပူပန်မှုတွေက သတင်းစကားပါးဖို့၊ ပဋိပက္ခနဲ့ ပြည်သူ တွေရဲ့ဆင်းရဲဒုက္ခလျှော့ချရာမှာ လိုအပ်တဲ့ခြေလှမ်းတွေ အဆိုပြုဖို့ဖြစ်ပါတယ်။ ကုလသမဂ္ဂက စစ်ကောင်စီနဲ့ ထိ တွေ့ဆက်ဆံတာ တရားဝင်မှုပေးဖို့ မဟုတ်ပါဘူး” လို့ နိုလန်းဟေဇာက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။

စစ်ကောင်စီတရားရုံးတွေက နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ စစ် ကောင်စီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုစွဲချက်တွေနဲ့ ထောင်ဒဏ်ခြောက် နှစ် ထပ်မံချမှတ်ပြီးနောက် နိုလန်းဟေဇာရဲ့ မြန်မာခရီးစဉ် ဖြစ်လာခဲ့တာပါ။

ကြိုးပေးကွက်မျက်တာတွေ ထပ်မံမပြုလုပ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ နိုလန်း ဟေဇာက မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့နဲ့ သူမရဲ့ စီးပွားရေးအကြံပေးဖြစ်သူ ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းမှုအတွင်း ထိန်းသိမ်းခံထားရတဲ့ သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနယ်လ်ကို လွှတ်ပေးဖို့ နိုလန်း ဟေဇာက တောင်းဆိုခဲ့ပါတယ်။

“ကျွန်မ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်ဆုံး တွေ့ဆုံခွင့်ရချင်ပါတယ်။ ကျွန်မ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခရာကျပါတယ်” လို့ နိုလန်းဟေဇာက ထုတ်ပြန် ချက်အတွင်း ပြောပါတယ်။

နေပြည်တော်အကျဉ်းထောင်မှာ တိုက်ပိတ်ခံထားရတဲ့ အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် ကို အဂတိလိုက်စားမှုကနေ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုတွေအထိ ထောင်ဒဏ် နှစ် ၁၉၀ အထိ ကျခံရနိုင်တဲ့ ပြစ်မှု ၁၈ ခုနဲ့ စွဲချက်တင်ခဲ့ပါတယ်။

တရားရင်ဆိုင်နေရတဲ့ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခွင့်မပြုနိုင်ဘူးလို့ အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းက သြဂုတ်လ ၁၇ ရက် နေပြည်တော်မှာပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကိုးကား – CNA
Ref; Top UN official presses Myanmar’s military leader in rare visit