
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
မြန်မာ-ထိုင်း နယ်စပ်ဒေသရှိ ‘၀’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) ၏ တပ်စခန်း ကိုး ခုကို ဆုတ်ခွာဖယ်ရှားပေးရန် ထိုင်းအစိုးရက တောင်းဆိုထားပြီး လက်ရှိတွင် စစ်အင်အား တိုးချဲ့ပြင် ဆင်နေကြောင်း UWSA ၏ တာဝန်ရှိသူအချို့ထံက သိရသည်။
အဆိုပါ တပ်စခန်း ကိုးခုသည် ‘၀’ ပြည်တောင်ပိုင်း ၁၇၁ ဒေသ ဧရိယာအတွင်း တည်ရှိပြီး နှစ်နိုင်ငံအကြား နယ်မြေအငြင်းပွားနေရာမှ ထိုင်းစစ်တပ်က ယခုကဲ့သို့ ဆုတ်ခွာဖယ်ရှားပေးရန် အမိန့်ထုတ် လိုက်ကြောင်း ထိုင်းသတင်းများအရ သိရသည်။
“တပ်စခန်း ကိုးခု ဖယ်ခိုင်းတာ မှန်ပါတယ်။ ဒီလိုကိစ္စမျိုးက ကျွန်တော်တို့နဲ့ မပြီးဘူး။ နိုင်ငံတော်အချင်းချင်း ဆွေးနွေးရမယ့် ကိစ္စရပ်ဖြစ်တယ်” ဟု UWSA ၏ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်း က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ထိုကိစ္စကို ခေါင်းဆောင်ပိုင်းအား သတင်းပေးပို့ထားသလို ထိုင်းစစ်တပ်ဖက်ကလည်း အင်အားတိုးသည်ဟု သိရှိရကာ “၀” တပ်ဖွဲ့အနေဖြင့် ပုံမှန်အခြေအနေအတိုင်း ဆောင်ရွက်လျက်ရှိ ကြောင်း ဦးညီရမ်းက ဆက်လက်ဆိုသည်။
ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်နှင့် ဒေသတွင်း သတင်းများအရ ယင်းနယ်မြေများမှ ယခုလာမည့် ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံးထား၍ တပ်စခန်းများ ဆုတ်ခွာပေးရမည်ဟု ဆိုသော်ငြားလည်း “၀” တပ် ဖွဲ့အနေဖြင့် အသေးစိတ် မသိရသေးကြောင်း သိရသည်။
ယင်းမတိုင်ခင် ပြီးခဲ့သည့် ဇွန် ၁၉ ရက်ကလည်း ထို ‘၀’ တပ်စခန်းများ ဆုတ်ခွာပေးရန် ထိုင်းအစိုးရက မြန်မာ-ထိုင်း နယ်စပ်ကော်မတီ မြို့နယ်အဆင့် အစည်းအဝေးပွဲတွင် စစ်
ကောင်စီမှတဆင့် တောင်းဆိုခဲ့သလို နှစ်စဉ်ဖိအားပေး တောင်းဆိုမှုများ ရှိခဲ့သည်ဟုလည်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
#ထိုင်းအစိုးရ #နယ်စပ်ဒေသ #UWSAတပ် #ဖယ်ရှာပေးရန် #တောင်းဆိုထား #စစ်အင်အားတိုးချဲ့
#Ayeyarwaddy_Times